မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်စစ်သား ၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားကို ထိမှန်ခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထဲမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီ ၁၆ မိနစ်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ စစ်သားများလိုက် ပါလာသော သံပြားကာကား ၃ စီး နှင့် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ လုံခြုံရေးလိုက်ပါလာ သော အကြမ်းဖက်စစ်ကား ၄ စီးကို မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် လေးစီးမြောက်ကားအား တဖက်ပွင့် ရှေ့ထွက်မိုင်း ၃ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ၄ စီးမြောက်ကား၏ နောက်မြီးပိုင်းကို ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဆက်လက်မောင်းနှင့်သွားကြောင်း အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ကားတော့ထိတယ်။ ထိခိုက်သေဆုံးမှုက မသိရသေးဘူး။ ကားပေါ်ကနေ ပစ်ပြီးမောင်းပြေးသွား တာ။ အတိအကျမမြင်လိုက်ရဘူး။ ကားပေါ်ကနေ ပစ်နေလို့ ကျနော်တို့အဖွဲ့တွေလည်း မိုင်းဆွဲပြီး တန်းပြေးလာခဲ့ရတာ။ လမ်းပိုင်းကင်းအထပ်ထပ်ကြားကနေ ရအောင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာပါ။” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Area71 PDF တပ်ဖွဲ့၊ မုံရွာမြို့နယ် ပကဖ ပေါက်ခွဲရေး အဖွဲ့ နှင့် ANYAR DEFENCE FORCE (ADF) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မုံရွေးတိုးဂိတ်အနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ချောင်းဦးမြို့ထဲမှထွက်လာသော သံပြားကာ စစ်ကား ၃ စီးနှင့် အိမ်စီးကား ၁ စီးပါ စစ်ယာဥ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်း မုံရွေး တိုးဂိတ်အနီးတွင် ၃ စီးမြောက်လိုက်ပါလာသော သံပြာကာ ကားကို အသင့်ပြင်ထားသော ရှေ့ထွက် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် ည ၇ နာရီ ၂၆ မိနစ်အချိန်ကလည်း မုံရွာမြို့ထဲမှ ထွက်လာသော သံပြားကာ စစ်ကား ၂ စီးနှင့် ၆ ဘီးကား တစ်စီးပါ ယာဉ်တန်းကို ထန်းလုံးမိုင်းအကြီးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ည ၈ နာရီ ၁၇ မိနစ်အချိန်တွင် ယင်းအကြမ်းဖက်စစ်ယာဉ် တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာကြား အရောက် ပေဒသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သံပြားကာ ကား ၁ စီးပျက်စီးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ Youth Vigor Revolution Force နှင့် Shining Star Local Defense Force တို့ ပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာ-မန္တလေးလမ်းပိုင်းအား အသုံးပြုနေကြသော မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီကားတန်းများနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်၊တိုက်ပွဲဖြစ်ပွား နေ များသည်နှင့် ကြုံကြိုက်ပါက ရောက်သည့်နေရာမှ ရပ်တန့်ပေးပါကြရန် မေတ္တာရပ်ခံ ထားသည်။
Thanlwin Myanmar Media