Mon State News

0 0
Read Time:1 Minute, 51 Second

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦး သေဆုံးကာ ပစ်ခတ်သည့်က ဗိုလ်တစ်ဦးပါခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေး

 

သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးကာ ပစ်ခတ်သည့် စစ်သားက ဗိုလ်တစ်ဦးပါခေါ်ဆောင်ပြီး လက် နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက ပစ်ခတ်ခဲ့ရာ ၅ ဦးပွဲချင်းပြီး သေဆုံး သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်ခဲ့သည့် စစ်သားက ဗိုလ်တစ်ဦးပါခေါ်ဆောင်ပြီး လက် နက်ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

 

“လက်နက်တွေနဲ့ ထွက်ပြေးတဲ့သူတွေရဲ့ နောက်ဆက်တွဲသတင်းတော့မကြားမိသေးဘူး။ ကျနော်တို့ ဆီလည်း ဆက်သွယ်လာတာမရှိသေးဘူး။ ဒီနေ့မနက်တော့ အဲဒီနေရာတဝိုက်ကို စစ်ကား ၅ စီးနဲ့ ပတ်နေတယ်လို့သတင်းရတယ်။ မနက်ထဲက ပတ်နေတာ။ လက်နက်တွေလည်းပါသွားတော့ လိုက် ရှာ နေတာဖြစ်မယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်ကနေရောက်လာတာဖြစ်နိုင်တယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

Photo – ပုံဟောင်း

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *