Magway News

0 0
Read Time:2 Minute, 57 Second

ဂန့်ဂေါမြို့နယ် ‌ဇဟောကျေးရွာ အထကကျောင်းဆောင်းတစ်ဆောင် မီရှို့ခံရပြီး မီးလောင်ပြာကျ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၀

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာ အထက်တန်းကျောင်းမီးရှို့ခံရပြီး မီးလောင်ပြာကျသွား တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၂၉ ရက်) ည ၁၁ နာရီခွဲလောက်မှာ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့နဲ့ ၅ မိုင်အကွာ မှာရှိတဲ့ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ၂ ထပ်ကျောင်းဆောင်ကို လူတစ်ချို့က ဝင် ရောက်မီးရှို့ခဲ့လို့ အချိန်တိုအတွင်းမှာပဲ ကျောင်းဆောင်တစ်လုံးပြာကျသွားတာဖြစ်တယ်လို့ ဆိုပါ တယ်။

“ညက ၁၁ခွဲလောက်မှာ ၂ထပ်ကျောင်းဆောင် မီးစလောင် ပြီး ည ၁၂လောက်မှာ မီးကကြီးလာပြီး တစ်ဆောင်လုံးမီးလောင်သွားတယ်ဗျ။ မီးစလောင်တာက ကျောင်းရဲ့ မြောက်ဖက်ကစလောင်တာဗျ။ အချိန်တိုအတွင်းမှာ အဲလောက်မြန်မြန်လောင်တာ ဆို တော့ သေသေချာချာကို မလောင်လောင် အောင်ရှို့တယ်လို့ယူဆရတယ်ဗျ။လက်ရှိမှာလဲ ပအဖ၊ ပကဖ တာဝန်ရှိသူများက သဲစွန်စရှာပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်နေပါပြီ။” လို့ ‌ဇဟောရွာ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

 

ကျောင်းမြောက်ဖက်ကနေ စတင်လောင်တာနဲ့ကျန်တဲ့ နှစ်နေရာကနေပါစတင်လောက်ကျွမ်း လာ တဲ့ အတွက် အချိန်တိုအတွင်း အထက်တန်းကျောင်းဆောင်ဟာ မီးလောင်တာကို ငြိမ်းသတ်လို့မရတဲ့ ဖြစ်သွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

 

ဒီလိုစာသင်ကျောင်းဆောင်ကို မီးရှို့တဲ့ တရားခံများကို အမြန်ဆုံး ဖောက်ထုတ်အရေးယူနိုင်ရေး အတွက် ဒေသခံပြည်သူများကတော့ လိုလားနေကြတာဖြစ်ပါတယ်။

 

“ဒီကျောင်းဆောင်က ဟိုးအရင်ကတည်းကရှိလာခဲ့တဲ့ ဇဟောရွာရဲ့ အထင်ကရ ကျောင်းဆောင် ဖြစ်တဲ့အတွက် စိတ်မကောင်းလဲဖြစ်ရပါတယ်။ ပြီးတော့ တမင်ရှို့တဲ့ လုပ်ရပ်ဆိုရင် ဘယ်လိုမှ မဖြစ် သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ရှို့မီးသေချာတယ်ဆိုရင် ကျူးလွန်သူတွေကို ‌ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ ကျေးရွာ ပအဖ၊ပကဖနဲ့ ကျေးရွာသူ ကျေးရွာသားအားလုံးမှာ တာဝန်ရှိတယ်လို့ပြော ချင်ပါတယ်” လို့ ဒေသနေပြည်သူတစ်ဦးက ပြောပါတယ်။

 

ယင်းအထက်တန်းကျောင်းဆောင် မီးရှို့ဖျက်ဆီးခံရလို့ ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ အတွက် များစွာ အခက်ခဲဖြစ်သွားမှာဖြစ်ပြီး ယခုလို ခေတ်စနစ်မကောင်းတဲ့ကာလမှာ ဒီလိုကျောင်း ဆောင်တစ်ဆောင် ပြန်ဆောက်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *