ကရင်နီ – ထိုင်းနယ်စပ်ရှိ မယ်လယုတပ်စခန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေး၊ လက်နက်ခဲယမ်းနှင့် စက်ယန္တရာတွေ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
ကရင်နီပြည်၊ ရှားတောမြို့နယ်၊ ကရင်နီ – ထိုင်းနယ်စပ်ရှိ မယ်လယုစစ်ကောင်စီတပ်စခန်းမှ စစ် ကောင်စီ တပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးလို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်း နှင့် စက်ယန္တရားတွေ သိမ်း ဆည်းရရှိခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါ တယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၈ နာရီကျော်က ရှားတောမြို့နယ်၊ ကရင်နီ – ထိုင်းနယ်မှာရှိတဲ့ မယ်လယု တပ်စခန်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရက်လရှည်များစွာ ပိတ် ဆို့ခံထားရတဲ့ ဒဏ်၊ အစာရေစာငတ်ပြတ်တဲ့ဒဏ်ကို မခံစားနိုင်တော့လို့ ဒေသ အခေါ် တောင် ကတုံးပေါ်တောလမ်းအတိုင်း ရှမ်းပြည်နယ်ဘက်ကို တပ်ဆုတ်သွားတာပါ။
စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားတဲ့ တပ်စခန်းအတွင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာမှာ ၆၀ မမ ဗုံးသီး ၂၁၂ လုံး၊ MA 1 ကျည်အိမ် ၁၂ ခု ၊ A 1 ကျည် ဆံ ၅၄၇၀ တောင့်၊ နောင်တို ကျည်ဆံ ၁၀၂၂၈ တောင့်၊ တိုဘီတို ၁၄ ချောင်း၊ RPG ၆၀ လုံး၊ လက်ပစ်ဗုံး ၁၁၉ လုံး ၊ ၈၁ မမ ဗုံးသီး ၃၃ လုံး ၊ ထောင်ထားတဲ့ ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်း တွေ အပြင် ဖိုးဝီး ကား ၇ စီး ၊ ၆ ဘီးကား ၃ စီး ၊ ဘူဒိုဇာကား ၁ စီးနှင့် ဆိုင်ကယ် ၂ စီး တို့ပါ သိမ်း ဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မယ်လယုစစ်တပ်စခန်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ နေ့မှာ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
“သူတို့ရှမ်းပြည်ဘက်ဝင်မယ်ထင်တယ်။ ရှမ်းမြောက်ပိုင်းဘက်တက်သွားတာ။ သူတို့ပင်ရင်းဌာနချုပ် က ဖားဆောင်းမှာရှိတာ၊ သူတို့မိခင်တပ်ပေါ့။ အဲဒီမှာတပ်စွဲထားတာကြာပြီ။ ၂၀၂၁ ကလည်း ၄ နှစ် နီးပါးရှိပြီ။ တိုက်ပွဲမဖြစ်ဘူး။ တိတ်တဆိတ်ထွက်သွားတာ။ အဲဒီနေ့ကပဲ စခန်းကို ဝင်ရှင်းလင်းခဲ့တာ။ ပစ္စည်းက ကျည်ဆံတချို့ရတယ်၊ ယန္တရား တစ်ချို့ရတယ်။ ယန္တရားက ဆိုင် ကယ်တွေ၊ ကားတွေပေါ့၊ မယ်လယုက သံလွင်မြစ်အရှေ့ ဘက် ကမ်းမှာ သူတို့ပြန်မှာက ဖားဆောင်း ပြန်မှာလား၊ ဘယ်သွား မှာလဲ မသိဘူး။မိခင်တပ်ရင်းပြန်မှာပေါ့ ၊ ဒါပေမယ့် လမ်းမရှိတော့ဘူးလေ။ သူတို့ ရှမ်းပြည်ဘက် ကနေ ပတ်ပြန်မှာပေါ့။ ရှမ်းပြည်ဘက်ကနေ ပတ်ပြီးတော့မှ မိုးဗြဲဘက်ကို လာမှာ လားမသိသေးဘူး။ ဆီဆိုင်ဘက်ပြန်ဝင်လာမယ်ထင်တယ်။ ဘယ်သွားမလဲမသိဘူး။ သူတို့လူလဲမရှိတော့ဘူးလေ၊ လူက ၁၀ ဂဏန်းပဲ၊ ရာဂဏန်းမရှိဘူး။” လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်က ပြောပါတယ်။
မနေ့က (ဒီဇင်ဘာလ ၂၉ ရက်) ရှမ်းပြည်နယ်နှင့် ကရင်နီနယ်စပ်တနေရာမှာတော့ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များကြား ခဏတာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ် ရှေ့တန်းကင်းစခန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့တဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်သား သေဆုံးမှု၊ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
“မနေ့ကတော့ ရှမ်း-ကရင်နီနယ်ကြားမှာ တိုက်ပွဲနည်းနည်းဖြစ်သေးတယ်။ နယ်စပ်မှာက ကျနော် တို့လူတချို့ရှိတယ်။ လိုက်ရှင်းရင်း တိုက်ပွဲဖြစ်တာ။ အဲဒီတိုက်ပွဲမှာ တော့ ဒဏ်ရာတော့ တစ်ချို့ရမယ် ထင်တယ်။ သေ တာတော့ဘာမှမကြားရဘူး။ သတင်းအစအနက သေချာမရနိုင်တော့ဘူး။ သူတို့ ပြန်တဲ့ လမ်းမှာ ခဏလေးပဲဖြစ်တယ်။ ခဏဖြစ်တော့ သူတို့စခန်းကြီးမှာ ခဏပြန်နားတယ်။ သူတို့ ရှေ့တန်း စခန်းတစ်ခုကျတယ်။ ဒီမနက်တော့ပြန်ထွက်မယ်ထင်တယ်။” လို့ KA စစ်ရေးချုပ်ဗိုလ်မှူး ကြီး ဖုန်းနိုင်က ရှင်းပြပါတယ်။
Thanlwin Myanmar Media