Sagaing News

0 0
Read Time:2 Minute, 56 Second

မုံရွာမြို့နယ်တွင် တပ်ရေးဗိုလ်ကြီးရဲ ပစ္စတိုသေနတ် ၁ လက်ကို ခိုးယူလာပြီး စစ်သား ၂ ဦး အလင်း ဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ရေးဗိုလ်ကြီး၏ ပစ္စတိုသေနတ်ကို ခိုးယူလာပြီး စစ်သား ၂ ဦး အလင်းဝင်ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာမြို့တွင်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင် စီတပ်သား ၂ ဦးကို မုံရွာ-ချောင်းဦးမြို့နယ်အစပ်တနေရာတွင် ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ ၁ ၊ Special Force 11 LPDF ၊ ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့ က မသင်္ကာဖွယ်ရာ‌ေ တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ အလင်းဝင်ရောက်မည့် စစ်သားဖြစ်သဖြင့် မုံရွာမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မုံရွာမြို့ထဲကပါ၊ နမခ အပိုင်နယ်ထဲကပေါ့။ မုံရွာ-ချောင်းဦးအစပ်မုံရွာမြို့နယ်ထဲမှာ မိခဲ့တာ။ ကျနော် တို့ရဲဘော်တွေက စစ်ရေးလှုပ်ရှားမှု အမြဲတမ်းပတ်သွားနေတာ။ သူတို့ထွက်ပြေးလာတဲ့အခါမှာ ရဲ ဘော်တွေက တွေ့ပြီးတော့ မသင်္ကာလို့ ဖမ်းဆီးရင်းကနေ အလင်းဝင်မယ့် စစ်သားတွေလို့ ပြောတာနဲ့ ဖမ်းပြီးတော့ နယ် မြေခံမုံရွာပကဖဆီကိုပဲအပ်လိုက်တာ” ဟု Chaung U People Defence Force – CHU PDF) တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သား ၂ ဦးထံမှ MA-5 Pistol ၁ လက်၊ ၉ မမ ကျည် ၉ တောင့်၊ 380 Bullet ၁ တောင့် ၊ Pistol အိတ် ၁ ခု နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေခံဖြစ်သော မုံရွာမြိုနယ် ပကဖ ထံသို့ စစ်ကောင်စီတပ်သား ၂ ဦးကို ကျန်းမာရေးကောင်း မွန်စွာဖြင့် စစ်ကောင်စီတပ်သား၂ ဦးပါရှိသော mobile ဖုန်း ၁ လုံးနှင့် အတူအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်သား ၂ ဦးသည် ဒီဇင်ဘာလ ၂၀ ရက်က စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ သံပြားကာ ၆ စီးဖြင့် အင်းတော်မြို့သို့ စစ်ကူဆက်သွားရန် မုံရွာသို့ရောက်ရှိခဲ့လာခဲ့ခြင်းဖြစ်ပြီး တပ် ရေးဗိုလ်ကြီး ကိုင်ဆောင်သော MA5 Pistol ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်၊ .380 ကျည် ၁ တောင့် ၊ Pistol အိတ် ၁ ခု တို့ကို ယူဆောင်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *