မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာတိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံး၊ သေနတ် ၅ လက်သိမ်း ဆည်းရရှိ၊ စစ်တပ် သိမ်းပိုက်ထားသော နေရာများကို ပြန်လည်သိမ်းပိုက်နေ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေ ဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ SSTF စစ်ဆင်ရေး တာဝန်ခံ Raid က သံလွင်မြန်မာသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာတိုက်ပွဲမှာ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို စနိုက်ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာတွေကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တာပါ။
သေဆုံးသွားတဲ့အကြမ်းဖက်စစ်သားအလောင်းတွေကို လာရောက်ကောက်ယူခြင်းမရှိတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ရာမှာ ပုပ်ပွသေဆုံးနေတဲ့ အကြမ်းဖက် စစ်သား အလောင်းတွေနဲ့အတူ လက်နက် ၅ လက်ပါ သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ကလည်း မြေပြင်မှာခံစစ်ပြင်တာလည်းကြာပြီဆိုတော့ ပြည်သူတွေက အားမလို အားမရ ဖြစ်ပြီးတော့ နည်းနည်းလေး ဟိုဟာဖြစ်နေတာလည်းရှိတာပေါ့နော။ အဲဒီအတွက်ဘာမှ မပူနဲ့၊ ကျ နော်တို့ အကောင်းဆုံးလုပ်ပြီးတော့အကောင်းဆုံးစုစည်းပြင်ဆင်နေပါတယ်။ မကြာတော့ပါဘူး၊ မ ကြာခင်အချိန်မှာ အရွေ့တစ်ခုကို ထပ်ရောက်မယ်၊ ထပ်ပြီးတော့ လုပ်မယ်၊ တိုးမယ်ဆိုတာ အတိအ ကျပြောရဲတယ်။ ကျနော်တို့ ဒီအတိုင်းရေရှည်မှာရပ်မနေပါဘူး။” လို့ SSTF စစ်ဆင်ရေး တာဝန်ခံ Raid က ပြောပါတယ်။
မတ္တရာမြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်သင်တန်းဆင်းသူ တွေကို အသုံးချကာ လေကြောင်းပစ်ကူပေးပြီး မြေပြင်ကနေ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။
အဲလိုတိုက်ခိုက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေရာအချို့မှာ ဆုတ်ခွာပေးခဲ့ရ တာရှိပေမယ့် အခုအချိန်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ထိုးစစ်ရပ်ပြီးတော့ ခံစစ်ပြင်နေတဲ့အချိန်မှာ စကစဘက်က ခဏခဏထိုးတယ်။ ပစ် တယ်သွေးတိုးစမ်းတယ်။ တက်လာကြည့်တယ်။ မြေပြင်ရော၊ ဝေဟင်ရော၊ လက်နက်ကြီးတွေရော အကုန် စုံနေအောင်သုံးပြီးတော့မှ ကျနော်တို့ဘက်ကို ထိုးလားတာရှိတယ်။ ကျနော်တို့ဘက်ကတော့ အခုထိ ကို ကျနော်တို့ထိုင်ထားတဲ့နေရာကနေ လုံးဝမဆုတ်တမ်းခံစစ်အနေနဲ့ လုံးဝကာထားတယ်။ လုံးဝလည်း ဆုတ်ပေးဖို့အစီအစဉ်မရှိဘူး။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လုံးဝမတတ်သာ လို့ဆုတ်ပေးရရင်တောင် ချက်ချင်းပြန်ယူတဲ့အနေအထားမျိုးတွရှိတယ်။ သတင်းတွေကြည့်ရင်သိနိုင် တယ်။ ဒါ့ကြောင့်ပြည်သူတွေကို ပြောချင်တာက အားမလို အားမရဖြစ်နေတာတွေကို နားလည် တယ်၊ လက်လည်းလက်ခံတယ်။ ဒါပေမယ့် ကျနော်တို့ရှေ့ဆက်ဖို့ အကောင်းဆုံးအချိန်ကို ပြင်ဆင် နေတယ်။ အရှိန်နဲ့ပြန်တိုးမယ်။ ပြည်သူတွေအတွက် အကောင်းမွန်ဆုံးရလဒ်တွေ လုပ်ပေး နိုင်မယ် ဆိုတာ ယုံလည်းယုံကြည်တယ်။ အဲဒီအတွက်လည်း အများကြီးကြိုးစားနေတယ်ဆိုတာ သတင်း စကားပါးချင်ပါတယ်။” လို့ SSTF စစ်ဆင်ရေးတာ ဝန်ခံ Raid က ပြောပါတယ်။
SSTF – People Police တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနင်းရေးဌာန ဖြစ်ပြီး CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အခုအခါမှာတော့ မတ္တရာမြို့နယ်အတွင်းက စစ်ဆင်ရေးတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ်ဖွဲ့နဲ့ အတူ တိုက်ပွဲဝင်လျက်ရှိပါတယ်။
“တစ်လက်စတည်း စကစကိုပြောချင်တာက ကျနော်တို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ရေးရော တိုက်ရည်ခိုက်ရည်ရော၊ ဘာမှမဟုတ်သေးဘူး၊ နုနယ်သေးတယ်။ ငါတို့လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ငါတို့ဘက်မှာလူအင်အား၊ လက်နက်ခဲယမ်းတွေက အကုန်သာတယ်။ ငါတို့လုပ်ရင်ဖြစ်တယ်ဆိုတဲ့ သဘောရှိတယ်ဆိုရင် ကျနော်တို့ MDY PDF နဲ့ SSTF တို့ပူးပေါင်းစစ်ဆင်ရေးလုပ်နေတဲ့ ဂွင်နေရာကို လာခဲ့လိုက်ပါလို့ အမှာစကားပါးချင်တယ်။” ဟု SSTF စစ်ဆင်ရေးတာဝန်ခံ Raid က ဖိတ်ခေါ်ထားပါ တယ်။
Thanlwin Myanmar Media