တောင်သာမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၈
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ – Taung Youth တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်သာမြို့နယ်၊ စွပ်ကျယ်စက်ရုံ အထိုင်စခန်းမှ မြေဖြူကုန်းရွာ အနောက်ဘက်နှင့် သပြေပင်ရွာ အနောက်ဘက်ကို အင်အား ၇၀ ခန့်ဖြင့် ထွက်လာ စဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G3 ကျည်ဘောက် ၂ ဘောက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်အတောင့် ၈၀ ၊ ၄၀ မမ ဗုံးသီး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ မှ ဒုတပ်ရင်းမှူး ကျော်ကြီး ဦးဆောင်ကာ တော် လှန်ရေး ရဲဘော်များက ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ဇင်မင်းထိုက် (ခ) ထိုက်ကြီးမှာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရကြောင်း သိရသည်။
Thanlwin Myanmar Media