Mandalay News

0 0
Read Time:2 Minute, 51 Second

ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းမှု စစ်သား ၂ ဦးကို လက်နက် ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ၊ ဖမ်းဆီးခေါ်ဆောင်လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေး စခန်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင်လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားကြောင်း Myingyan Black Tiger – MBT ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က ကျောက်ပန်းတောင်းမြိုနယ် ပုပ္ပါးတောင်မကြီး ပေါ်ရှိ ဆက်သွယ်ရေး စခန်းတွင် တာဝန်ကျနေသော စကစတပ်သား ၃ ဦးအား ဝင်ရောက်စီးနင်း ခဲ့ရာ အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် စကစတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အရှင် ဖမ်း ဆီးနိုင်ခဲ့သော်လည်း စကစတပ်သားတစ်ဦးမှာ ပြည်သူများအကြားတွင် ထွက်ပြေးသွားသော ကြောင့် ပြည်သူများထိခိုက်မိမည်စိုးရိမ်၍ ပစ်ခတ် ခြင်းမပြုပဲလွှတ်ပေးလိုက်ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်မှုက မဖြစ်ခဲ့ဘူး၊ အသာအယာဝင်စီးပြီး သေနတ်နဲ့ထောက်ဖမ်းခေါ်လာတာ။ လမ်းကျတော့ ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရင် သေသွားတာ” ဟု Myingyan Black Tiger – MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF)တို့မှ လျှပ်တပြက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားနှစ်ဦးနှင့်အတူ MA 11 သေနတ် တစ်လက်နှင့် UZI သေနတ်တစ်လက်အပြင် ခဲယမ်း အချို့ ကိုပါ သိမ်းဆည်းရရှိခဲ့ခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိခဲ့သော စစ်သားနှစ်ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်သုံပန်းဥပဒေနှင့်အညီ ထိန်းချုပ် နယ်မြေသို့ ခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသောကြောင့် မဖြစ်မနေ ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံး သွားကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့်လည်း အပျော်အပါး ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စကစတပ်သားများဖြင့် နီးစပ်ရာများတွင် မပြုလုပ်ရန် အထူးပင် Myingyan Black Tiger (MBT) တပ်နှင့် ညီနောင် မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF) က မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *