Ayarwaddy News

0 0
Read Time:1 Minute, 45 Second

ဧရာဝတီတိုင်း PDF ၊ အမှတ် ၂၉ ဗျူဟာဖွဲ့စည်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

ဧရာဝတီတိုင်း PDF အမှတ် ၂၉ ဗျူဟာဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် ထုတ်ပြန်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင် ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ – AYA PDF (ဧရာဝတီ PDF) ကို အမိန့်နာခံမှု ကောင်းသော ၊ စစ်စည်းကမ်းကောင်းမွန်သော၊ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားသော တပ်မှူးများ၊ရဲဘော်များဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။

တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အတန်အသင့်ရရှိထားပြီးမြန်မာပြည်သူတစ်ရပ်လုံးမှ ယုံကြည် အားကိုးရ သောတပ်တစ်ခုဖြစ်အောင်ကြိုးပမ်းဆောင်ရွက်နေကောင်း ဆက်လက်အသိပေးထား သည်။

 

AYA PDF ၊အမှတ် (၂၉) ဗျူဟာ Facebook Page မှတစ်ဆင့် လှုပ်ရှားဆောင်ရွက်မှု၊ မှတ်တမ်းတချို့ နှင့် အလှူရှင်များ၏ ချွေးနဲစာများမှတစ်ဆင့်ထောက်ပို့ပေးနေမှုများကို တိကျသော စာရင်း များဖြင့် ထုတ်ပြန်ပေးခြင်း၊ ထောက်ပို့အလှူရှင်များထံသို့လည်း မှတ်တမ်းဂုဏ်ပြုလွှာများကို ပြန်လည်ပေးပို့ ခြင်းထို့အပြင် စစ်ရေးသတင်းများနှင့် ထုတ်ပြန်သင့်သောသတင်းများကို အချိန်နှင့်တပြေးညီ အသိ ပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *