ချောင်းဦးမြို့နယ်တွင် ပြည်သူပိုင်ကားကို ချောဆွဲပြီး ဆက်ကြေးလာကောက်သည့်စစ်သားများ ကို တိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူပိုင်ကားကို ချောဆွဲပြီး ဆက်ကြေးလာကောက်တဲ့ စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ Farmers Revolution Force အဖွဲ့ထံက သိရပါတယ်။
မနေ့က (ဒီဇင်ဘာလ ၂၅ ရက်) မနက် ၇ နာရီက ချောင်းဦးမြို့၊ မိုးကောင်းကျောင်းထဲ ပြည်သူပိုင်ကား ကို ချောဆွဲကာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ချောင်း ဦး မြို့နဲ့ ငါးယှန်ရွာ အကြား သံလွင်မြန်မာ ဆီဆိုင် အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ကားပေါ်မှာ အကြမ်းဖက်စစ်သား ၁၀ ဦးပါပြီးတော့ အရာရှိတစ်ဦးအပါအဝင် စစ်သား ၆ ဦးနဲ့ ရဲတစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ပွဲက ၃၅ မိနစ်လောက်ကြာခဲ့ကာ စစ်ကူတွေရောက်လာတဲ့အတွက် လက်နက်ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာလို့ သိရပါတယ်။
“သေတာ ၇ ဦးပါ။ အရာရှိတစ်ယောက်ပါတယ်။ စစ်ကူတွေရောက်လာတာရယ်။ ကျန်နေတဲ့ စခတွေ ကခံပစ်နေတာရယ်ကြောင့် လက်နက်မကောက်ခဲ့ရတာ။ စစ်ဗိုလ်ကတော့ ခေါင်းထိသေတယ်။ ကင်း ပုန်းဝပ်ပစ်တာဆိုတော့ လက်ဦးမှုရယူနိုင်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါ တယ်။
တိုက်ပွဲဖြစ်တဲ့နေရာကို ချောင်းဦးမြို့ ပေါက်အင်းစိုက်ကွင်းရုံးမှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ် ကောင်စီ တပ်က လက်နက်ကြီး ပစ်ကူတွေတောက်လျှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း ၈ – Farmer Revolution Force နဲ့ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး နှင့် လုံခြုံရေး CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းတို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Thanlwin Myanmar Media