Sagaing News

0 0
Read Time:1 Minute, 52 Second

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ အိမ်စီးကား ၃ စီးဖြင့် မိုင်းရှင်းရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အိမ်စီးကား ၃ စီးဖြင့် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Generation Z Power – ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) ထံက သိရသည်။

 

ဒီဇင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မိုင်းရှင်းရန် အိမ်စီး ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်း ဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြအလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့် ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ် ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့၊ Taw Twin Tup Pee LDF ၊ BRA LDF ၊ Phoenix (Sgg) ၊ မှောင်မဲအဖွဲ့နှင့် စစ်ကိုင်းမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myamar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *