Sagaing News

0 0
Read Time:2 Minute, 28 Second

ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာတွင် ကိုယ်ဝန် ၃ လရှိသူ အိမ်ထောင်သည်အမျိုးသမီးအား မုဒိမ်း ကျင့်ခဲ့သူ ရပ်ကျေးပကဖ ခေါင်းဆောင်မောင်နိုင်ကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာတွင် ကိုယ်ဝန် ၃ လရှိသူ အိမ်ထောင်သည် အမျိုးသ မီးအား မုဒိမ်းကျင့်ခဲ့သူ ရပ်ကျေးပကဖခေါင်းဆောင် မောင်နိုင်ကို NUG တရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း အမှုဖြစ်စဉ်ကို လိုက်ပါကူညီသူ အသိသက်သေထံက သိရသည်။

 

ပြီးခဲ့သည့် မေလအတွင်းက ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာတွင် ကျေးရွာ ပကဖ ခေါင်းဆောင် မောင်နိုင်က အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် ၃ လရှိသူ အမျိုးသမီးကို နေအိမ်အတွင်းဝင်ရောက် ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပြီး အမှုဖွင့်တရား စွဲဆိုခဲ့ရာ NUG အစိုးရ၊ ဝက်လက်မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြစ်မှုကျူးလွန် သူ မောင်နိုင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

“ကောင်မလေးရဲ့ ယောက်ျားကို ကင်းစောင့်ခိုင်းပြီး အိမ်ပေါ်တက်မုဒိမ်းကျင့်တာ၊ ကောင်မလေးက အော်တယ်၊ ပတ်ဝန်းကျင်က ကြောက်လို့ သွားမတားရဲကြဘူး။ မုဒိမ်းကျင့်ပြီးတော့ ကောင်မလေးကို ဖော်ထုတ်ရင် ဓားနဲ့ထိုးမယ်၊ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ မုဒိမ်းကျင့်တာက တစ်ခါ တည်းပဲ၊ ဒါပေမယ့် ဆေးရုံမှာ ၃ လသန္ဓေသားလေး ပျက်ကျခဲ့တာ၊ အဲဒါကို အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၅ နှစ် တဲ့၊ ဝက်လက်မှာတော့ အလုပ်ကြမ်းမရှိဘူး” ဟု အမှုဖြစ်စဉ်ကို လိုက်ပါကူညီသူ အသိ သက်သေတစ်ဦးက ပြောကြားသည်။

 

ထောင်ဒဏ်ချမှတ်ခံရသူ မောင်နိုင်သည် တရားရုံးအမိန့်မချမီ အသိသေလိုက်ပေးသူများကိုလည်း သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *