Read Time:1 Minute, 14 Second
ကဗျာကဏ္ဍ “လက်နက်ချ ဝင်ကြပြည့်ရင်ခွင်”
ပျိုးကြဲလက်
ဦးဆောင်သူများ လမ်းမှားလျှောက်လျှင်
နောက်လိုက်မိငြား ပိုင်းခြားဆင်ခြင်
ကိုယ်စိတ်နှစ်ပါး ဉာဏ်အားနှင့်ပင်
လောင်းရိပ်အောက် ထိုးဖောက်နိုင်ဖို့ပြင် ။
အာဏာကိုလု ပြည်မှုရှုပ်ပွေ
မြင်ရာပစ်ခတ် သတ်ဖြတ်ကြပေ
ကိုယ့်အချင်းချင်း ပစ်ခွင်းရန်ထွေ
တပ်သားထု ပြည်မှုဒုက္ခဝေ ။
လယ်ပြင်ဆင်သွား ထင်ရှားသိမြင်
ပလ္လင်ပေါ်တက် အမျက်ထင်ထင်
သယံဇာတ သူကယူငင်
အာဏာခိုး လူဆိုးထိပ်ခေါင်တင် ။
သူ့အာဏာတွက် ပြည်ပျက်ရပေ
စစ်သားမယား ငိုအားထွေထွေ
တော်လှန်သူ့လမ်း အောင်ပန်းနှင့်ဝေ
စကစ ဘောမမြှောက်ဦးလေ ။
ရဲဘော်အများ မှတ်သားစေချင်
တို့မိသားစု ပျော်မှုဝေလျှင်
ပြည်သူများလည်း ရန်စဲမည်ထင်
လက်နက်ချ ဝင်ကြပြည့်ရင်ခွင် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ည ၇ နာရီ ၃၉ မိနစ်
Thanlwin Myanmar Media