ရန်ကုန် -မန္တလေး အမြန်လမ်းမ မိုင်တိုင် ၃၁၈ တွင် ခရီးသွားပြည်သူကာားများကို PDF တပ်ဖွဲ့ စစ် ဆေး ပြီး လုံခြုံ ရေး သတိရှိကြရန် မှာကြား (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၃
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်းမပေါ် မိုင်တိုင် ၃၁၈ တွင် ခရီးသွား ပြည်သူကားများကို PDF တပ်ဖွဲ့ဝင်များက စစ်ဆေးပြီး လုံခြုံရေး သတိရှိကြရန် မှာကြားခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၈ ၈ တွင် ခရီးသွားပြည်သူကားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး လုံခြုံရေးစစ်ဆေးခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် ရန်ကုန် – မန္တလေး အ မြန်လမ်းမကြီးပေါ်တွင် မလိုအပ်ဘဲ ခရီး မသွားကြရန်၊ ည အချိန်မတော် ခရီး မထွက်ကြရန် နှင့် တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ကားများ ရှေ့ ဆက်တိုး မမောင်းပဲ နီးစပ်ရာ လုံခြုံသော နေရာများတွင် ရပ်တန့် နေထိုင်ကြရန် အထူးသတိပေး ကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – Natogyi People Defence Force နှင့် မြင်း ခြံ ခရိုင် အမှတ် -၁၀ တပ်ရင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးကာလ ၄ နှစ် ပြည့်တော့မည် ဖြစ်ပါသဖြင့် မိဘပြည်သူများ အနေဖြင့်လည်း စည်းကမ်းလိုက်နာခြင်းဖြင့် တော်လှန် ရေးတွင် ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmr Mews