Read Time:51 Second
ကဗျာကဏ္ဍ “လူပြိန်းတို့သာ ကိုးကွယ်ရာ”
ပျိုးကြဲလက်
စိတ်စေရာ ကိုယ်လိုက်လို့
ရူးမိုက်တဲ့ လူ့ဂွစာရယ်က
ပွဲတက်ရာ အပူရုပ်ကယ်နဲ့
ချိုကုတ်ပြီကွယ့် တမှိုင်မှိုင် ။
ဝမ်းဆာဆာ ပူလောင်ဆဲမှာလ
ရဲဘော်ဆိုသေစမ်းဟဲ့
ရှေ့တန်းမှာ စစ်ရှုံးက
ထိတ်တုံးနဲ့ငိုင် ။
အနေခက်တာဖြင့်
သရေပျက်ပါဘိ
အာဏာစက် သူမပိုင်
မနိုင်ဘဲ ကတဲ့ဇာတ် ။
ပြည်အာဏာ ကိုယ်ပိုင်သိမ်းလို့
ထိန်းမနိုင် မူးဝေလဲအောင်
မိုက်မဲစွာ အယူတိမ်းတယ်
လူပြိန်းတို့နတ် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်
Thanlwin Myanmar Media