မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို သိမ်းပိုက်လိုက်ပြီးစစ်တပ် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦးအပါအဝင် ၁၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၂
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၉ ရက်နံနက် ၆ နာရီမှစ၍ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး၍လည်းကောင်း၊ မြိုင်မြို့၌တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းလွှတ်၍ လည်းကောင်း အပြင်းအထန်ခုခံခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။
မြိုင်မြို့မှ စစ်ကူပေးရန်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ ၃၀ ခန့်အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မြိုင်မြို့အတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့ပြီး သရက်ကွရွာ ပျူစောထီးစခန်းကို သိမ်းပိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း သိရသည် ။
အဆိုပါ တိုက်ခိက်မြိုင် ပကဖ ၊ပေါက် ပကဖ ၊ (မြိုင် ပေါက် ကမ္မ) ပကဖ တပ်ရင်း အမှတ် ၁ ၊ ၂ တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ၂ /၆/၇/၁၄/၁၅/၁၇ တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မ တပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပခုက္ကူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ၊ ပျုစခန်းကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ပြီး အသက်မ သေလိုသူ ၊ အလင်းဝင်လိုသူ ၊ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်လိုသူ ပျုစောထီးများ ၊ စစ်သား များအနေဖြင့် အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြ ရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media