Sagaing News

0 0
Read Time:2 Minute, 47 Second

စစ်ကိုင်းမြို့ တပ်မ ၃၃ နောက်ကျောရှိ ဘီယာဆိုင်တွင် ပျူစောထီးမင်းသူ ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ နောက်ကျောဘက်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ပျူစောထီး မင်းသူ ကို ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာ ပင်သေဆုံးသွားကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ တပ်မ ၃၃ ၏ နောက်ကျောဘက်၊ တောင်ငူကုန်းရွာထိပ်ရှိ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး မင်းသူကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးမင်းသူသည် အခြားအပေါင်းပါများနှင့်အတူ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ စစ်ကိုင်းမြို့တွင်းနေပြည်သူများကို ဓားပြတိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်း စစ် ကောင်စီအတွင်းရှိ သတင်းပေးမှ တိုင်ကြားလာသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

“အလှူကူလုပ်ပေးတဲ့သူတွေကို ဘီယာလိုက်တိုက်တာလို့ သိရတယ်။ အဲဒီလမ်းတလျှောက်က စခ နယ်မြေပဲ၊ မင်းသူဆိုတာ ဘယ်သူလဲလို့ မေးပြီး ၃ ချက်ပစ်ခဲ့တာ။ စခတွေနဲ့ အပြန်အလှန်ဖြစ်ခဲ့တာ မရှိဘူး။ ပစ်ပြီး တန်းပြန်ဆုတ်လာခဲ့တာ။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ စစ်ရေးသတင်းထုတ်ပြန်တာတွေ ရှိသလို သတင်းမထုတ်ပြန်ပဲ စစ်ရေးဖော်ဆောင်နေတာတွေလည်း ရှိပါတယ်” ဟု ပြင်ဦးလွင် ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက ပြောကြားသည်။

 

ထို့သို့ ပျူစောထီးမင်းသူ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်း မြို့နယ်၊ တင်းတိပ်ရွာအတွင်း ဝင်ရောက်ပြီး အရပ်သား ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရ သည်။

 

အဆိုပါ လုပ်ဆောင်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ Burmese Revolution Force – BRF နှင့် Brave Soldiers Guerilla Force ရဲဘော်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *