CDM News

0 0
Read Time:4 Minute, 34 Second

ပုလဲမြို့ပေါ်တွင် စစ်ကူအဖြစ်ရောက်ရှိသော စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၉ ဦး အလင်းဝင်၊ လက်နက်ခဲယမ်းများနှင့်အလင်းဝင်လာသူများကို BNRA တပ်ဖွဲ့က ငွေကျပ် သိန်း ၅၀ စီ ဆုချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် စစ်ကူအဖြစ်ရောက်ရှိနေသော စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၉ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င် ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၀ ရက်နေ့က ပုလဲမြို့ပေါ်သို့ စစ်ကူရောက်ရှိသော စစ်ကြောင်းမှ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းတပ်သားများဖြစ်ကြသော ပြည့်ကြီး၊ ကျော်လင်းနိုင်၊ မိုးနိုင် ၊ ရန်နိုင်နှင့် ဝေကြီးတို့ သည် MA1 အမျိုးအစားသေနတ် ၄ လက်၊ ကျည်ဘောက် ၈ ဘောက်၊ MA3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နှင့် ၅ ဒသမ ၅၆ ကျည် ၇၅၆ တောင့်တို့နှင့်အတူ အလင်းဝင်ရောက် ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ အကြမ်းဖက်စစ်သားများသည် ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း Mi 17 ရဟတ် ယာဉ်ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့က အင်အားထပ်ဖြည့်တင်းသော ဘုတလင်စစ်ကြောင်းမှ တပ်သား များဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ပုလဲမြို့ပေါ်ရှိစစ်ကြောင်းမှ တပ်သား အောင်အောင်နှင့် လင်းထက်တို့လည်း အလင်းဝင်ခဲ့ပြီး ဒရုန်းတစ်စီးလည်း ရရှိခဲ့ကြောင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကူစစ် ကြောင်းမှ အလင်းဝင်လာသူ ၉ ဦးရှိပြီး ကျန် ၂ ဦးမှာ အခြားတော်လှန်ရေးတပ်ဖွဲ့ထံသို့ အလင်း ဝင် ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒရုန်းတစ်စီးကလည်း သူတို့ပဲယူလာတာပါ။ အားလုံးက သူတို့တွေယူလာကြတာပါ။ လွတ်မြောက် သက်ဆိုင်ရာသက်ဆိုင်ရာ သွားလိုတဲ့နေရာတွေကို ကျနော်တို့ ချိတ်ဆက်ပြီးပို့ပေးလိုက်ပါပြီ။ သူတို့ မိသားစုဝင်တွေဆီကို သွားလို့ရတဲ့သူတွေကို မိသားစုဝင်တွေဆီပို့ပေးထားသလို မိသားစုဝင်တွေဆီ သွားလို့မရတဲ့သူတွေကိုလည်း အခြားသောလွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ပေးထားပြီးပါပြီ” ဗမာအမျိုးသား တော်လှန် ရေးတပ်မတော် – BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။

 

လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့သူများကို ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် – BNRA မှ တစ်ဦးလျှင်ငွေ ကျပ် သိန်း ၅၀ စီဆုချီးမြှင့်ခဲ့ပြီး လက်နက်မဲ့အလင်းဝင်ရောက်လာသူများကို လည်း‌ ငွေကျပ် ၅ သိန်းစီဆုချီးမြှင့်ကာ လွတ်မြောက်ရာနေရာဒေသသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

 

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် CDM ပြုလုပ်၍ ပြည်သူ့ဘက်ရပ် တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် စစ်ကောင်စီယန္တရားအတွင်းမှ တပ်သားများကို နွေးထွေး စွာကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။

 

“ကျနော်တို့အားလုံးက စစ်ကောင်စီကို တိုက်တယ်ဆိုတာထက် စစ်အာဏာစနစ်ကိုတိုက်နေတာပါ။ စစ်တပ်အခန်းကဏ္ဍကို သူ့နေရာသူရောက်ဖို့အတွက် စနစ်မှန်ဖို့အတွက်တိုက်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ စစ်ကောင်စီယန္တရားထဲမှာ မသိသာပဲဖြစ်ဖြစ်၊ သိသိသာသာပဲဖြစ်ဖြစ်ပါဝင်နေတဲ့ စစ်ကောင်စီတပ်သားတွေပေါ့၊ ဒီကာလကြားမှာ စုဆောင်းရေးကနေတဆင့် ပါသွားတဲ့ ပြည်သူတွေ၊ ညီအစ်ကိုတွေကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီးတော့ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍက သူ့နေရာရောက်ဖို့နီးလာပြီမို့ ကျရာ အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဗမာအမျိုးသား တော်လှန် ရေးတပ်မတော် – BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *