AA News

0 0
Read Time:5 Minute, 15 Second

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုသည် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင် မြင်မှုဖြစ်ကြောင်း AA ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ ကို အပြီးသတ်သိမ်းပိုက်နိုင်မှုသည် ဖက်ဆစ် အကြမ်း ဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန် သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုဖြစ်ကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်က အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် -သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်- ကျော်ကျော်သန်းတိုအား အာရက္ခတပ် တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခဒေသ အမ်းမြိုနယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ပတ်ခန့် ကြာမြင့်ခဲ့ပြီး  အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ အင်အား ၁၅၀ ခန့်စီ ၃ ကြိမ် စစ်ကူချပေးခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့ သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော ၁၄ မြို့ မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ယခင်သိမ်းပိုက်ထားသော ၁၃ မြို့မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ဖြစ်ပြီး  လက်ရှိအချိန်တွင် ဂွမြို့ နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုလည်း အာရက္ခတပ်တော်မှ ဆက်လက် ထိုး စစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဂွမြို့၏ ၃ ပုံ ၂ ပုံခန့်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထား ပြီး ဂွမြို့အခြေစိုက် ဒေသခံတပ်ရင်းများ၊ စစ်ကူလာသော စစ်ကောင်စီ၏ တပ်မ ၁၁ လက် အောက်ခံ တပ် ရင်းများနှင့် အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ခုခံလျက်ရှိရာ တိုက်ပွဲပြင်း ထန်နေ ကြောင်း အာရက္ခတပ်တော်က- အသိပေးထားသည်။

 

ထိုကြောင့် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း၌ ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် ၃ မြို့သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။

 

ယခုအောင်မြင်မှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှု တစ် ခုတည်း သာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊  မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ပါကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထု တစ်ရပ် လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများက လည်းများစွာ အထောက်အကူပြုခဲ့သောကြောင့် ဤအောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက် နေသော သူများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်မှ အထူးအလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ဆက်လက်ဖော်ပြထားသည်။

 

ယနေ့အောင်မြင်မှုများသည် ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အ ကြမ်း ဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန် သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုဖြစ်ကြောင်းအာရက္ခတပ်တော်- AA က မျှဝေဂုဏ်ပြုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *