ပခုက္ကူမြို့ တပ်မ ၁၀၁ ၊ ခလရ ၂၅၁ နှင့် ၂၅၂ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၉
မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ ၊ ခလရ ၂၅၁ တပ်ရင်းနှင့် ၂၅၂ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Cobra One တပ်ဖွဲ့က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ တပ်မ ၁၀၁ ၊ ခလရ- ၂၅၁ နှင့် ခလရ- ၂၅၂ တပ်တို့အတွင်းသို့ တာဝေးပစ်ရော့ကတ် ဒုံးကျည် ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းရှိ ဘန်ကာ၊ လိုင်းခန်းများကို ထိမှန် ပေါက်ကွဲခဲ့ပြီး ခလရ ၂၅၂ တပ်ရင်းမှ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်နိုင်ရန် မလေးရှားနိုင်ငံ-နွေဦးလူငယ်အဖွဲ့က ငွေကျပ်-၉ သိန်း ၃ သောင်းကျပ် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့၊ TaTy Pakokku pdfတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media