အမ်းမြို့ရှိ နပခကို အပြီးသတ်သိမ်းပိုက်နိုင်ရန် တိုင်းစစ်ရုံးတစ်ခုသာကျန်ရှိ၊ စစ်တပ်၏လက်နက်ကြီး၊ လေကြောင်း ပစ်ကူပေးမှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု၊ ဂွမြို့တွင်းတိုက်ပွဲတွင် စစ်သား အလောင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နပခ ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် တိုင်း စစ်ရုံးတစ်ခုသာကျန်ရှိတော့ပြီး စစ်တပ်က လက်နက်ကြီး၊ လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း အာရက္ခတပ်တော် -AA က သတင်း ထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးထဲမှ အမ်း နပခ ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ အနည်းငယ်သောနေရာအချို့သာကျန်ရှိတော့ ပြီး တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အ သည်းအသန် ခုခံကာကွယ်နေကြောင်း သိရသည်။
ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကသ ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ဤကဲ့သို့ လက်နက်ကြီး ပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များထံ ထိမှန် ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း အာရက္ခတပ်တော် -AA က ပြောဆိုသည်။
ထို့အတူ လေကြောင်းမှလည်း မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်သားအချို့ လက်နက်ချ အလင်းဝင်ရောက်သူများရှိပြီး “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေကာ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မည်ဖြစ် ကြောင်း၊ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာ မခံကြောင်း အသိပေးထားသည်။
အာရက္ခတပ်တော်သည် မောင်တောမြို နှင့် တောင်ကုတ်မြိုရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့နှင့်ဂွမြို့ရှိအကြမ်း ဖက်စစ်တပ်စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဂွမြိုတွင်းတိုက်ပွဲသည်လည်းဆက် လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ဂွမြိုတွင်းတိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်သားအလောင်း၊ လက်နက်ခဲ ယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
Thanlwin Myanmar Media