Sagaing News

0 0
Read Time:2 Minute, 19 Second

ချောင်းဦးမြို့တွင်း လမ်းပေါ်တွင် မိုင်းရှင်းရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အတွင်း လမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း BLDF အညာမိုင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့တွင်းရှိ မုံရွာ- မန္တလေးလမ်းမပေါ်တွင် မိုင်း ရှင်းရန်ထွက်လာသော အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ သေဆုံးထိခိုက် ဒဏ်ရာ ရရှိသူများကို အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲသို့ ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“ချောင်းဦးမြို့ထဲက မုံရွာ-ချောင်းဦးလမ်းမပေါ်မှာပါ။ အင်အားက ၇ ယောက်လောက်ရှိပါတယ်။ နေ ရာ ခွဲပြီး ကောက်ကြတာ။ သေဆုံးဒဏ်ရာရတဲ့သူတွေကိုတော့ ချောင်းဦးအထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထဲသယ်သွားပါတယ်။ ရမ်းပစ်တာတော့ရှိတယ်။ သိပ်တော့မကြာလိုက်ဘူး။သေတာပဲ အတည်ပြု နိုင်တယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မသိရသေးဘူး” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဗမာလွတ်မြောက်ရေး ဒီမိုက ရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *