Poem

0 0
Read Time:1 Minute, 7 Second

ကဗျာ ကဏ္ဍ “ပြန်လာခဲ့ပါ ကိုထွန်းသာ”

 

ပျိုးကြဲလက်

 

တပ်ထဲမှာ စံပြကွယ့်

ဟန်ကျတဲ့ ကိုထွန်းသာ ။

 

ပြည်ပရန် လာရင်ပြေးလို့

ကာကွယ်ပေးမှာ ။

 

စစ်သားကြီး ဖြီးတတ်တာ

ကိုယ့်ရွာကို ပြန်ကြည့်အုံး ။

 

စစ်ခွေးတွေ ပြာချလို့

ဘာမှမရှိဘူး ။

 

စစ်ကြောင်းတွေ ရွာဝိုင်းလို့

လူတိုင်းက အကြောက်ပို ။

 

ဘေးလွတ်ရာ အမြန်ပြေးတော့

သေးထွက်လို့စို ။

 

စစ်ခွေးက အပျိုအအို

မုဒိမ်းကို ကျင့်သေး ။

 

ရက်စက်စွာ

လူသတ်ကာ မီးတိုက်လို့

စိုက်စိုက်သာပြေး ။

 

ကျုပ်တို့မှာ နာကြည်းလို့

ထပြီးတော့ ခုခံရာ ။

 

ကိုထွန်းသာ သန္ဓေမှန်က

ပြန်လာခဲ့ပါ ။

 

ကျုပ်တို့မြို့ ကျုပ်တို့ရွာ

ကာကွယ်ပါ ဖိတ်ခေါ်၏

 

ကိုထွန်းသာ ရွာပြန်လမ်းကို

မှန်းကြိုပါဘိ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *