KNU News

0 0
Read Time:2 Minute, 10 Second

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလောရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်မှု စစ်သားအများအပြားသေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၇

 

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU ဌာနချုပ်ဟောင်း မာနယ်ပလောရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ် ဟောင်း မာနယ်ပလောဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းသိမ်း တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

“သိမ်းပိုက်မိတာ မှန်ပါတယ်။ အသေစိတ်တော့ စိစစ်နေတုန်းပါ၊ စခန်းရှင်းလင်းနေတုန်းပါ၊ စစ် ကောင်စီဘက်ကလည်း စစ်ကြောင်းပြန်ထိုးနေတယ်” ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုက လယ်စေးက အတည်ပြုပြောကြားသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက်ကာကျဲချမှုရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်မှလည်း ကျဆုံးသူရှိကြောင်း သိရ သည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းသည် ၁၉၉၅ ခုနှစ်က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ကာ ကျူး ကျော်တပ်စွဲထားခြင်းဖြစ်ပြီး စခန်း ၈ ဖြင့် မာနယ်ပလောဒေသကို စစ်ကောင်စီက ထိန်းချုပ်ထား ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *