Tanintharyi News

0 0
Read Time:1 Minute, 58 Second

ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၆

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ် ကင်းလှည့်ကားတစ်စီးကို မိုင်းခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Dawei Defense Team – DDT ထံမှ သိရ သည်။

 

ဒီဇင်ဘာလ ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့ပေါ်ရှိ ခလရ-၂၅ တပ်ရင်းနှင့် ခန်းမ ဆောင်ကြားတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လိုက်ပါလာသည့် လှည့်ကင်း ကား ၁ စီးကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲအားပြင်းသော မိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိပြီး ကုတင် ၁၀၀ တပ်နယ်ဆေးရုံသို့ ပို့ဆောင်ထားစဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တစ်ဦး သေဆုံး ကြောင်းသိရသည်။

“ကားပေါ်မှာ ၁၀ ဦးလောက်ပါတာ၊ ကားဖင်ပိုင်းကိုထိသွားတော့ နောက်ကနေထိုင်လိုက်လာတဲ့ သူတွေ ထိတာ၊ ၃ ဦးအပြင်းအထန်ဒဏ်ရာတယ်လို့ သိရတယ်၊ မနေ့က ၁ ဦးသေသွားတယ်။ ကျန်တဲ့ ၂ ဦး သေမသေတော့ ထပ်အတည်ပြုစုံစမ်းနေတုန်းပါ” ဟု Dawei Defense Team – DDT မှ တာ ဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team – DDT) ရဲဘော်များမှ မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *