Bago News

0 0
Read Time:3 Minute, 30 Second

ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၅

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ပိတောက်ကုန်းရွာ၌ ၂ ရက်တာတိုက် ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ရွာသစ် ကျေးရွာ၌ အထိုင်ချထားသော အင်အား ၁၀၀ ခန့်ဖြင့် ရွာသစ်ကျေးရွာမှ ပိ တောက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကြိုတင်အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် လက်ဦးမှုရယူကာ ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ အချိန်ခန့်တွင် ပိတောက်ကုန်းရွာကို ထပ်မံ၍ ဝင်ရောက် လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဖြစ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ယင်းညတွင် ပိတောက်ကုန်း ကျေးရွာထိပ်၌ ဆက်လက်ရှိနေခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ်ညလုံးနီးပါး လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က ထပ်မံ၍ရှေ့ ဆက်တိုးလာ သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အလားတူ ညနေ ၃ အချိန်ခန့်တွင် ထပ်မံတိုးလာသော အဆိုပါအကြမ်းဖက်စစ်ကြောင်းသည် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသောမိုင်းများမိကာ အထိနာ အထိနာသွားသဖြင့် ရွာသစ် ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ ၏

 

အဆိုပါ ၂ ရက်တာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ ၆ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး‌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ပိတောက်ကုန်းကျေးရွာအပါအဝင် အနီး အ နားကျေးရွာများမှ ပြည်သူများမှာလည်း စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး လက်ရှိတွင် လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များမှာ စစ်ဆိုင်ထားသည့်အနေအထားရှိ သဖြင့် အချိန်မရွေတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့်လည်း စစ်ရေး အသိ၊ စစ်ရေး သတိဖြင့် အထူးဂရုစိုက်နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *