PDF News

0 0
Read Time:3 Minute, 33 Second

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦး သေဆုံး၊ စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာ လ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း၌ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် ၃၈ ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထော စခန်းတို့အား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၄၉ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရကာ ၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအရေအတွက်သည် တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်ထားခဲ့ သ ဖြင့် ယခုရရှိသောအရေအတွက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၉ ဦး တိုင်းပြည်အတွက်မြင့် မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်း ၁ စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ် ခတ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ် (AD) ပူးပေါင်း တပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *