KNU News

0 0
Read Time:3 Minute, 40 Second

ထိုင်းနိုင်ငံ၊ အုန်းဖျန်ဗုံးပေါက်ကွဲမှု၌ KNU အဖွဲ့ဝင်တစ်ဦးပါဝင်နေသည်ဆိုသော သတင်းမှာ လုံးဝ မှန် ကန် မှုမရှိ၊ ယင်းအကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပြီး ထိုင်းနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင် ရွက် သွားမည်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

ထိုင်းနိုင်ငံ၊ အုန်းဖျန်ဗုံးပေါက်ကွဲမှု၌ KNU အဖွဲ့ဝင် ၁ ဦးပါဝင်နေသည်မှာ လုံးဝမှန်ကန်မှုမရှိကြောင်း၊ ယင်းအကြမ်းဖက်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချပြီး ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ပြောကြားသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ထိုင်းဘုရင့်နိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန် (Umphang) ၌ နှစ်စဉ်ပြုလုပ်နေကြ Doi Loi Fa ပွဲတော်တွင် ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ် ရာရရှိသူများ ရှိခဲ့ကြောင်း ကြားသိရ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အဆိုပါ သေဆုံး ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ဖော်ပြောကြားသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဤကဲ့သို့ အကြမ်းဖက်သည့်လုပ်ရပ်များကို လက် မခံသလို ပြုလုပ် သူများအား ကန့်ကွက်ရှုတ်ချ ပါကြောင်း၊ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှု မှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်များတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“အဓိကအချက်ကတော့ ပထမဦးဆုံးအနေနဲ့ ဒီလိုဗုံးခွဲတာကြောင့် သေဆုံး ဒဏ်ရာရသွားခဲ့တဲ့သူအား လုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထပ်တူဝမ်းနည်းကြောင်းဖော်ပြတယ်။ ဒုတိယအချက်အနေနဲ့ ရက် စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်မျိုးကို လုံးဝလက်မခံဘူး။ ပြင်းပြင်းထန်ထန်ဆန့်ကျင် ကြောင်းဖော်ပြတယ်၊ တတိယအချက်အနေနဲ့ကတော့ ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် အသက်ဆိုင် ရာ ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ်ဆုံးလက်တွဲဆောင်ရွက်သွားမယ်၊ ဘယ်လိုနည်းနဲ့ လက်တွဲ ဆောင်ရွက်မလဲဆိုတာတော့ ပြောစရာမလိုဘူးထင်ပါတယ်၊ ဘာဖြစ်လို့ဆိုရင် ကျနော်တို့က လုပ် နည်းလုပ်ဟန်အပိုင်းမှာ ဆက်လုပ်စရာတွေအများကြီးရှိပါတယ်။ အဓိကအကျဆုံးဖြစ်တဲ့ သတင်း မီဒီယာတွေမှာ ဖော်ပြထားတဲ့ KNU အဖွဲ့ဝင်တစ်ယောက်ပါဝင်တယ်ဆိုတဲ့အချက်ကိုတော့ ကျနော် တို့ အနေနဲ့ လုံးဝငြင်းဆိုတယ်။ လုံးဝမမှန်ကန်ပါဘူးလို့ ပြောချင်ပါတယ်” ဟု KNU ဗဟိုပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတာနီးက ပြောကြားသည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ လူငယ် ၂ ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ ထိုင်း လူမျိုးဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ လူငယ်အုပ်စု ၂ စုကြား ခိုက်ရန် ဖြစ်ပွားခဲ့ပြီး လက်လုပ်ဗုံးအမျိုးအစားဖြင့် တိုက်ခိုက်ရာက ပေါက်ကွဲမှုဖြစ်ကာ လူ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *