အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ မှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သားတွေ ထိ ခိုက်သေဆုံးမှုရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၃
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင် ၃၁၉ မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်၊ ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ စစ်သားတွေထိခိုက်သေဆုံးမှုရှိ တယ်လို့ နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့က (ဒီဇင်ဘာလ ၁၂ ရက်) ညနေ ၃ နာရီဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ မှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေအပေါ် စစ်ဆေး၊ ဆက်ကြေး ကောက်နေတဲ့အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းကာ မြေပြင်၊ ဝေ ဟင်မှ တိုက်ခိုက်ခဲ့တာပါ။
“စခသေဆုံးထိခိုက်မှုကတော့ စုံစမ်းလို့ရသေးဘူး၊ မန္တလေး -မိတ္ထီလာ ကူးနေတဲ့လမ်းဖြစ်တဲ့အတွက် လမ်းပေါ်မှာက အများကြီး၊ စစ်ကူလာတာ အနီးအနားစခန်းတွေကပဲလာတာ။ အနီးအနားမှာ စခ စခန်းတွေအများကြီးရှိတယ်၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေကြဖို့ သတိ ပေးချင်ပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်ပါ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝေဟင်ကနေ Shar Htoo Waw Fixed Wing နည်းပညာဒရုန်းနဲ့ ၅ ကြိမ် ဗုံးကြဲချခဲ့သလို Drone အစစ်နဲ့လည်း ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဝေဟင်းကနေ ဗုံးကြဲချပြီးတာနဲ့ တပြိုင်နက် မြေပြင်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီလောက်ကြာမြင့်ခဲ့ တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကူတွေရောက်လာလို့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရတာလို့ နွားထိုးကြီး PDF တပ်ဖွဲ့က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိကာ နာရေး ကား ၂ စီး နဲ့ သယ်ဆောင်ကာ မိတ္တီလာမြို့ဘက်သို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုတော့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်ခြံ ခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ MDDS အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Thanlwin Myanmar Media