Magway News

0 0
Read Time:3 Minute, 27 Second

ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၈ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆ နာရီက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ပျူစောထီးစခန်းကို အမှတ် ၈ စစ်ကြောင်းဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၈ လက်နှင့် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သော လက်နက်များမှာ ၆၀ မမ စိန် ပြောင်း ၁ လက် ၊ MA2 အ အမျိုးအစား သေနတ် ၁ လက် ၊ MA3 အမျိုးအစား သေနတ် ၁ လက် ၊ M2 အမျိုးအစား ကာဘိုင် သေနတ် ၁၂ လက် ၊ရှော့ဂန်း အမျိုးအစား ၃ လက် ၊ ၅ ဒသမ ၅၆ လက် လုပ် သေနတ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင် နှင့် စစ်အသုံး အ ဆောင် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စခန်းကို တိုက်ခိုက်ရာတွင် တပ်စခန်းနှင့်ဘန်ကာများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တဆင့်ချင်း တိုက်ခိုက်ချေမှုန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် လေးကြိမ်တိတိ ဗုံးကျဲပစ်ကူပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်တပ်၏ လေကြောင်းပစ်ကူပေးတိုက်ခိုက်မှုကြောင့် အမှတ် ၈ စစ်ကြောင်းအဖွဲ့ ဝင် ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (SRF) မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်း မင်းခန့် နှင့် ပြည်သူ့လွတ်မြောက် ရေး တပ် မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော် ကိုထက် တို့ ကျဆုံးခဲ့ကြောင်း၊ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသနေပြည်သူ ၃ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ရေးရည်မှန်းချက်အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် တပ်ပေါင်းစုညီညွတ်ရေးကို မျှော်ရည်ကာ စုဖွဲ့တိုက်ပွဲဝင်နေသည့် အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် ကျောင်းသားလက် ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင် (Local) တပ်ရင်းနှင့် Kamma Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *