PNLA News

0 0
Read Time:8 Minute, 18 Second

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ညီနောင်မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူး ပေါင်း လက်တွဲသွားမည်ဖြစ်ပြီး PNO/PNA အနေဖြင့် လုံးဒါးညီလာခံကချမှတ်ထားသည့် မူဝါဒနှင့် အညီ ပြန်လည်ပူးပေါင်းဆင်နွှဲပါရန် PNLA နှင့် PNFC တို့ ပူးတွဲ ထုတ်ပြန် တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်း လက်တွဲသွားမည်ဖြစ်ပြီး PNO/PNA အနေဖြင့် လုံးဒါးညီလာခံကချမှတ်ထားသည့် မူဝါဒနှင့်အညီ ပြန်လည်ပူးပေါင်းဆင်နွှဲပါရန် PNLA နှင့် PNFC တို့ ပူးတွဲ ထုတ်ပြန် တိုက်တွန်းလိုက်သည်။

 

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ (ပဒေ သရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့) အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် တိုက်တွန်းထား ခြင်းဖြစ် သည်။

 

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့သည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့်အတူ စတင် ဆင်နွှဲ ခဲ့သော ပအိုဝ်းအမျိုးသား လွတ်မြောက်မှုတော်လှန်ရေးသည် (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီး ပထမတော် လှန်ရေးသည် ပဒေသရာဇ်စနစ်ချုပ်ငြိမ်းခြင်းနှင့်အတူ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ပဒေသရာဇ်စနစ်နေရာတွင် ဒီမိုကရေစီစနစ်ဖြင့် အစားထိုး ခဲ့ကြကာ ပအိုဝ်းဒေသများ၌ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးများကို ထူထောင်နေကြစဉ်တွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုဖြင့် ဖျက်ဆီး ခြင်းခံလိုက်ရသဖြင့် ပထမတော်လှန်ရေးသည် အောင်မြင်ခဲ့သော်လည်း ပြီးပြည့်စုံခြင်း မရှိခဲ့ဟု ဆိုသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့်အတူ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ထပ်မံ ဆင်နွှဲခဲ့ကြသော ပအိုဝ်းအမျိုးသား လွတ်မြောက်မှု ဒုတိယတော်လှန်ရေးကာလ အတွင်းတွင် ဦး ဆောင်အဖွဲ့အစည်းများက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်အသွင်ပြောင်းခဲ့ခြင်း၊ စစ်တပ်လက် အောက်ခံ အသွင်ပြောင်း ဌာနေပြည်သူ့စစ်အဖြစ် ခံယူသွားခဲ့ခြင်း၊ အကြွင်းမဲ့ လက်နက်ချခဲ့ကြခြင်း တို့ဖြင့် ဒုတိယ တော်လှန်ရေးသည် တခန်းရပ်ခဲ့ရကြောင်း PNLA နှင့် PNFC တို့က ထောက်ပြထား သည်။

 

“ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ပြီး ပအိုဝ်းအရေးသည်ပြည်ထောင်စုအရေး ဖြစ်သည်” ဟူသည့် ခံယူချက်နှင့်အညီ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပြည်သူ လူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကို စုပေါင်း ထူထောင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ထူထောင်နိုင်ရေးအတွက် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသား လူမျိုး အသီးသီး၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူ လူထုတစ် ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ညီနောင်တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး နှင့်အတူ ပူးပေါင်းဆင်နွှဲမည်ဖြစ် ကြောင်းအသိပေးထားသည်။

 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး ရည်မှန်းချက်ကို အခြေခံသော ခိုင်မာကျယ်ပြန့်အားကောင်းသည့် နိုင်ငံရေးဘုံသဘော တူညီချက် တစ်ရပ် အမြန်ဆုံးရရှိရေးအတွက် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး မူကို အခြေခံ၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။

 

PNFC နှင့် PNLO သည် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှုကိစ္စရပ်များ အပါ အဝင် လူထုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ပအိုဝ်းပြည်သူ အပါအဝင် တိုင်းရင်း သား လူမျိုး ပေါင်းစုံ ပြည်သူများကို ကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသားအချင်းချင်း ကြား တွင်ဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင် ဆုံး ရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင် ကျင့်သုံး သည်” ဟူသည့် မူကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

စစ်အုပ်စုသည် ပအိုဝ်းအချင်းချင်း အကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းနှင့်အခြားတိုင်းရင်းသားများ အကြားတွင်လည်း လူမျိုးရေး နှင့် ဘာသာရေးပဋိပက္ခများ ဖြစ်စေရေးတို့အတွက် နည်းလမ်းပေါင်း စုံဖြင့် သပ်လျှိုဖြိုခွဲနေသောကြောင့် မိမိကိုယ်ကို မိမိခုခံကာကွယ် ပိုင်ခွင့်မူကို အခိုင်အမာကျင့်သုံး သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

၂ဝ၁၇ ခုနှစ် ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို PNLO/PNLA ၊  PNO/ PNA, ပအိုဝ်းစာပေယဉ်ကျေးမှုအပါအဝင် ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပအိုဝ်းဒေသ အသီးသီး မှ ကိုယ်စားလှယ်များတက်ရောက်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပအိုဝ်းအမျိုးသား ညီညွတ်ရေးအလံကို အမြင့်ဆုံးလွှင့်ထူနိုင်ခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ ရရှိခဲ့သော သွေးစည်းညီ ညွတ်ရေးကို အခြေခံ၍ ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခမဖြစ်စေ ရေးကို PNO/PNA မှ ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် PNO/PNA ဖွဲ့စည်းစဉ်ကတည်းက လုံးဒါညီ လာခံတွင် ချမှတ်ခဲ့သော စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင် တိုက်ဖျက်ရေး၊ ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးမူ နှင့်အညီ လူထုတော်လှန်ရေးကြီးတွင် PNO/PNAက ပြန်လည်ပူး ပေါင်း ဆင်နွှဲပါရန် နိုးဆော်တိုက်တွန်းထားသည်။

 

ပြည်သူသာအမိ၊ ပြည်သူသာအဖမူ ကို ကိုင်စွဲထားသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ် အုပ်စုနှင့် အပေါင်းပါများဖန်တီးထားသော လူထုဆန့်ကျင်ရေးထောင်ချောက်များ အတွင်းသို့ မကျ ရောက်စေရေးအတွက် အထူးသတိထားဆောင်ရွက်ကြပါရန်နှင့် ဘက်ပြောင်းခို လှုံလာကြသူများအား ကျင့်ဝတ်စည်းကမ်းများနှင့်အညီ နွေးထွေးစွာကြိုဆိုကြပါရန်ပန်ကြားထားသည်။

 

သို့ဖြစ်ပါ၍ ပအိုဝ်းအမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအပါအဝင် ပအိုဝ်းအရပ်ဖက်အဖွဲ့ အစည်း များ၊ ပအိုဝ်းနိုင်ငံရေးအင်အားစုများ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအဝင် ပအိုဝ်းပြည် သူများအနေဖြင့်လည်း အထက်ပါအချက်များနှင့်အညီ ပူးပေါင်းပါဝင်ဆင်နွှဲကြပါရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့က ပူးတွဲထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *