Magway News

0 0
Read Time:5 Minute, 9 Second

မြိုင်၊‌ ပခုက္ကူနှင့်ပေါက်မြို့နယ်အတွင်းရှိအကြမ်းဖက်စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၁၇ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၇ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၂၀ ရက် နေ့က မြိုင်မြို့နယ်၊ မီးသတ်ရုံးရှေ့တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သား ၇ ဦးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မြိုင်မြို့အတွင်းတနေရာ၌ ချောင်းဆုံဂိတ်သို့ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက်စစ်သား ၁၈ ဦးကို ခြုံခိုတိုက်က်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြိုင်မြို့အတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ် ရာရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁၃ ရက်၊ နိုဝင်ဘာလ ၁၇ ရက်နှင့် နိုဝင်ဘာလ ၂၀ ရက်နေ့တို့တွင် မကွေးတိုင်း၊ မြိုင်မြို့ နယ်၊ တွင်းမပျူစောထီးကျေးရွာမှ စစ်သား၊ ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အသင့် ထောင်ထားသည့် တိုက်မိုင်း၊ နင်းမိုင်းများ ပေါက်ကွဲပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၂ ဦး ပေါင် ဖြတ်လိုက်ရကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့က ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ပခုက္ကူ -ကမ္မ လမ်းမပေါ် ကန်တော်ကျေးရွာ၌ ခရီးသွားပြည်သူများကို ဆက်ကြေးကောက်စစ်ဆေး ဖမ်းဆီးနေသော အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ဇီးပြားရွာနှင့် တရော်ကိုင်းရွာတို့ရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ရက်များအတွင်း၌ ပျူစောထီးများနှင့်အတူနေထိုင်လိုခြင်းမရှိသည့် ပြည်သူ ၁၃ ဦးနှင့် သံဃာတော် ၄ ပါးလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံလာရောက်ပူးပေါင်းခဲ့သ ဖြင့် ကောင်းမွန်စွာလက်ခံစောင့်ရှောက်ပေးထားကြောင်း မြိုင်ပကဖမှာ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ထိုအပြင် နိုဝင်ဘာလ ၂ ရက် နေ့က ပေါက်မြိုနယ်တောင်ပိုင်းရှိ သစ်ချိုကုန်း‌ ပျူစောထီးများနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကိုင်းလယ်ရဲစခန်းမှ စစ်သား၊ ရဲများနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သစ်ချိုကုန်း၊ ပင်တောင်၊ တပ်ကုန်း၊ ရွာသစ် ပျူစောထီးပူးပေါင်း အင်အားနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၃ ရက်နှင့် ၈ ရက်နေ့များတွင် ၎င်းပျူစောထီး ပူးပေါင်း အင်အားများနှင့်လည်းကောင်း ပေါက်မြိုနယ် ဝါးတော၊ ကျောက်ကာရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း ပစ်ကူပေးသော ကပစ ၂၄ တပ်အတွင်း၌ ၁၂၀ မမ စိန်ပြောင်းကွဲသွား ကာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပကဖ အမှတ် ၁၊ ၂ တပ်ရင်း၊ ပခုက္ကူ ခရိုင် အမှတ် ၁၊၂၊၅၊၆၊၇၊၁၇ တပ်ရင်းများ၊ PLC တပ်ပေါင်းစု၊အညာမြေတပ်ပေါင်းစု၊ ဧရာဒေါ င်း တပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နေရာအသီးသီးတာဝန်ယူ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *