Shan State News

0 0
Read Time:4 Minute, 50 Second

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA ထံမှ သိရသည်။

 

နိုဝင်ဘာလ ၃၀ ရက်နေ့မ၍ ဒီဇင်ဘာလ ၉ ရက် နေ့လည်ပိုင်းအထိ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းများလည်းသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲက ဒီနေ့ (ဒီဇင်ဘာလ ၉ ရက်) နေ့လည်အထိဖြစ်ပြီး အခုတော့ ထပ်ငြိမ်နေပါတယ်။ ပြန် ဆုတ်သွားတာမဟုတ်ဘူး၊ နှစ်ဖက်ဆိုင်ထားတဲ့ အနေအထားပါ။ တိုက်ပွဲ ၁၀ ရက်အတွင်း လေယာဉ် လာတာတော့မရှိဘူး။ သေဆုံးစစ်သားအလောင်းတွေလည်း သိမ်းမိတာရှိပါတယ်။ အရှင် ဖမ်းမိတာ မျိုးတော့ မရှိဘူး။ စခတွေက စစ်ကြောင်းခွဲခွဲပြီးတက်နေတာ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေး ကင်းပါတယ်။ ခက်ခဲတဲ့ကာလဖြစ်ပေမယ့် မိဘပြည်သူတွေအနေနဲ့ အားတင်းထားကြဖို့၊ ဆက်လက် ပူးပေါင်းတော်လှန်ကြဖို့ ပြောလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ကျောက်ဂူဒေသအခြေစိုက် တပ်များဖြစ်သည့် အ မှတ် ၃၄၉ အမြောက်တပ်၊ ကျောက်ဂူအမြောက်တပ် – အမတ ၃၄၉ ၊ နောင်ဝိုးတပ် – ခလရ ၂၉၂ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းဘက်သို့ ရပ်စောက်ဘက်မှ စစ်ကူသွားရန် တက်လာသည့် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းတို့ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲဖြစ်ပြီး ဆက်လက် တိုက်ပွဲပြင်းထန်လာနိုင် သောကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ မိဘပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေး နေထိုင်ကြရန် နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် -DPLA က မေတ္တာ ရပ်ခံထားသည်။

 

အလားတူ နောင်ချိုမြို့နယ်၊ တောင်ခမ်းစခန်းအနီး ကျောက်ဂူ -ကျောက်ဆုံနှင့် တောင်ခမ်း အ မြောက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၁၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံတွင် တအာင်းတပ်မတော် TNLA ၊ DPLA တို့ ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင် စီတို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အလောင်း ၁၇ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦးနှင့်အတူ လက်နက်ခဲမျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အတူ နောင်ချိုမြို့နယ်၊ တောင်ခမ်းအမြောက်တပ် ၃၅၄ စခန်းတွင်လည်း စစ်ကောင်စီလက် အောက်ခံ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၈ ရက်နေ့ ကလည်း နောင်ချိုမြို့၊ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်း၊ ဂန့်ကော်ကျေးရွာနှင့် စစ်ကောင်စီတပ် ၄၀၆ တပ်စခန်းအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန် လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *