ခလွယ်လွီထူခရိုင်အတွင်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရရှိပြီး စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂၅၀၀ ကျော်ထွက်ပြေးနေရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၉
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၌ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ၈ နှစ်အရွယ်ကျောင်းသူ တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်တပ်စစ်ကြောင်းကြောင့် ပြည်သူ ကျေးရွာပေါင်း ၄ ရွာမှ ပြည်သူ ၂,၅၆၀ ဦး စစ်ဘေးရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ကေအဲန်ယူ-မူးမြို့နယ်၊အုန်းပင်စုကျေးရွာ၌ နေရာယူထားသော အကြမ်း ဖက် စစ်ကောင်စီတပ်က ထွနီကုန်းကျေးရွာသို့ လက်နက်ကြီး ၃လုံး၊ ရေလဲဗမာကျေးရွာသို့ လက်နက် ကြီး ၃ လုံး၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပရဲစီ(မရမ်းစိန်) ကျေးရွာသို့ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ ရာ ရေလဲဗမာကျေးရွာအတွင်း လာရောက်ခိုလှုံသည့် အသက် ၃၇ နှစ်အရွယ် ဥသျှစ်ကုန်းကျေးရွာ သား စောနေတာလို လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကေအဲန်ယူ-ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာ၌ နေရာယူထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂွေးကုန်းကျေးရွာသို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒရုန်းဖြင့် လက် နက်ကြီး ၂ လုံး၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒရုန်းဖြင့် လက်နက်ကြီး ၂ လုံး၊ ဒီဇင်ဘာလ ၇ ရက် နေ့တွင် ဒရုန်းဖြင့် လက်နက်ကြီး ၉ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တယောလူစခန်း ခလရ-၅၇ မှ က ဇင်းပင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လက်နက်ကြီး ၈၁ မမ ၂ လုံး၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ပျဉ်ရေကြီးကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ် ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၇ လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အနီး အနားရှိ ကျေးရွာများဖြစ်သော ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာ၊ ရေဖြူကန်ကျေးရွာတို့မှ ပြည်သူ ၂၅၆၀ ဦး ဘေးလွတ်ရာသို့ ထ ွက်ပြေးတိမ်းရှောင် နေခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ကေအဲန်ယူ-ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၂၀ မှ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၃ လုံး၊ ဒီဇင် ဘာလ ၃ ရက်နေ့က ဂွေးကုန်းကျေးရွာတံတားကို ဒရုန်းဖြင့် လက်နက်ကြီး ၂ လုံး နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၆၄ မှ ဂွေးကုန်းကျေးရွာသို့ ၁၂၀ မမ လက် နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ ကုန်းချောင်းဝကျေးရွာတွင် နေရာယူ ထားသောအကြမ်းဖက် စစ်ကောင်စီတပ်သည် တလှိုင်းခင်ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ကျောက်စရစ်ကျေးရွာသို့ ၂ လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီတပ်များက ၁၂၂ ဟောင်ဝစ်ဇာလက်နက် ကြီးဖြင့် လက်ခံကျေးရွာသို့ ၁ လုံး၊ ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာနှင့်လိန်ပင်ကျေးရွာကြားတွင် ၂ လုံး၊ ဒိုးတန်းကျေးရွာသို့ ၁ လုံး၊ လိန်ပင်ကျေးရွာသို့ ၁ လုံး၊ လက်ခံကျေးရွာသို့ ၅ လုံး၊ ပိန်းဇလုပ် အ ခြေစိုက်တပ် ခလရ-၂၆၄ မှ လက်ခံကျေးရွာသို့ ၁၂၀ မမလက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် လက်ခံကျေးရွာတွင် နေအိမ် ၁ လုံး ပျက်စီးခဲ့ရပြီး လိန်ပင်ကျေးရွာမှ အသက် ၅၀ အရွယ် ညားနော်ကြည်၊ အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသား စောအယ်ခီးလာ တို့ လက် နက်ကြီးစထိမှန်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ကေအဲန်ယူ-မူးမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ရေလဲဗမာကျေးရွာသို့ ၁ လုံး၊ ရေလဲ ကျေးရွာနှင့် ထွနီကုန်းကျေးရာကြားသို့ ၁ လုံးနှင့် ရေလဲကရင်ကျေးရွာသို့ ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media