ပခုက္ကူ လေဆိပ်ရှိ စစ်တပ်စခန်းကို ရော့ကတ်လက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၆
ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိအကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ရော့ကတ်လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို Rocket လက်နက်ကြီးဖြင့် အလုံး ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းအနီး ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၅ လုံးအပြင် လက်နက် ငယ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက်စစ်တပ်စခန်းကို Rocket ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်အတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို Shwe Nyar Myae PDF တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media