ထိုင်ဝမ်အနီး ပင်လယ်ပြင်တွင် တရုတ်သင်္ဘောတစ်စီးကို တွေ့ရှိ၊ တရုတ်၏လှုပ်ရှားမှုသည် နိုင်ငံ တကာလုံခြုံရေးကို ထိခိုက်စေသည်ဟုဆို
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၆
ထိုင်ဝမ်အနီး ပင်လယ်ပြင်တွင် တရုတ်သင်္ဘောတစ်စီးကို တွေ့ရှိထားပြီး တရုတ်နိုင်ငံ၏ လှုပ်ရှားမှု သည် နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေတယ်လို့ Newsweek သတင်းဝက်ဆိုဒ်မှာရေးသားထား သည်။
တရုတ်သင်္ဘောတစ်စီး ထိုင်ဝမ်အနီးရှိ ပင်လယ်ပြင်တွင် ရောက်ရှိနေသည်ကို အမေရိကန် ထောက် လှမ်းရေးတပ်ဖွဲ့များက တွေ့ရှိထားပြီး တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်မည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း၊ ယခုသင်္ဘောရောက်ရှိလာမှုက တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာနေမှုကို ပိုမိုကြီးထွားစေကြောင်း ထောက်ပြထားသည်။
ထိုင်ဝမ်နိုင်ငံသည် စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးအခြေအနေရ အရေးပေါ်သော ဒေသတစ်ခုဖြစ် ပြီး တရုတ်နိုင်ငံ၏ လှုပ်ရှားမှုက ဒေသအတွင်း နိုင်ငံတကာအဆင့် အခြေအနေတည်ငြိမ်မှုကို ခြိမ်း ခြောက်လျက်ရှိသည့် အပြင် နိုင်ငံတကာလုံခြုံရေးကိုပါ ထိခိုက်စေနိုင်သည်ဟုဆိုသည်။
တရုတ်ရေကြောင်းသင်္ဘော၏ လှုပ်ရှားမှုသည် တိုက်ရိုက်အနိုင်ကျင့်မှု သို့မဟုတ် ဒေသတွင်းတည်ငြိမ် မှုကို စမ်းသပ်မှုတစ်ရပ်အဖြစ် သတ်မှတ်ခံရနိုင်ပြီး ထိုင်ဝမ်အနီး ပင်လယ်ဒေသအတွင်း စစ်ရေး ဖိအား တိုးလာစေမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ထိုင်ဝမ်းနိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိထားသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ၎င်း ၏ လက်အောက်ခံနိုင်ငံတစ်ခုအဖြစ် ပြောဆိုလျက်ရှိကြောင်း၊ ယခုလှုပ်ရှားမှုသည် ဒေသတွင်း တည် ငြိမ်မှုအပေါ် ထိခိုက်မှုတွေရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်ဝမ်ပင်လယ်ဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးလှုပ်ရှားမှုများသည် အနာဂတ်တွင် အပြင်းအထန်ဆုံး အပြန်အလှန်ထိတွေ့မှုများဖြစ်ပေါ်လာ မည်ကို စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း သုံးသပ်ထားသည်။
Thanlwin Myanmar Media