Read Time:57 Second
ကဗျာကဏ္ဍ “ပြည်တော်ဝင်လှိုင်း”
ပျိုးကြဲလက်
ဂွကောင်တွေ ချိုကြွလို့
ငိုကြရ ဖြစ်ပြီ
နဂိုက ယောင်ပြလီဆယ်
လောင်ကြသည် ထပ်တိုး ။
ခေါင်းပစ်လို့ ခေတ်ပြောင်းအောင်ကွယ်
စစ်ခေါင်းဆောင် အာဏာသူခိုး ။
ပြည်သူနှင့် ရန်ဘက်ထင်လျှင်
ခံပက်ရင် စိတ်ဆိုး ။
ပြန်ချရင် ခြုံတိုးလို့
ယုန်မျိုးသို့ ပုန်းရှောင် ။
ရွှေတပ်တော် ရင်းများက
မုန်းဟင်းခါး ချက်နိုင်တဲ့မောင် ။
ပါးစပ်က ချစ်မွှေးပြောင်အောင်
စစ်ခွေးကောင် မာန်ကြွလို့
ခံရမှ လက်မြှောက်ခါခါ
အမြီးကုတ်တာ ။
ပြည့်သမိုင်း မရိုင်းပါတယ်
နောက်လှိုင်းနာနာ လာမယ့်ပါ့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီ ၅၃ မိနစ်
Thanlwin Myanmar Media