Magway News

0 0
Read Time:3 Minute, 22 Second

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်တွင် စစ်ကားများနှင့် စစ်ကြောင်းကို တိုက်ခိုက်မှုစစ်သား ၂၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်ရိက္ခာပို့ကားတွေနဲ့ စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၄ ရက်) မွန်းလွဲ ၁ နာရီခန့်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနဲ့ လင်းတဲ ရွာကြားမှာ အင်အား ၅၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီရဲ့ ရိက္ခာကား ၃ စီးကို PRA-Magway တပ်ဖွဲ့ကနေ ခြုံခိုမိုင်းဆွဲကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ကျော် လုပ်ဆောင်ခဲ့တာပါ၊

အဲဒီတိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့သလို ရိက္ခာကား ၂ စီးလည်း ရှေ့ဆက် မရ တော့တဲ့ အထိ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် နေ့ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင် အား ၉ဝ ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကူရောက်ရှိ လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခေတ္တပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ PRA မကွေး ကပြောပါတယ်။

 

အဒီတိုက်ခိုက်မှုကိုတော့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ၊ အရှိုချင်းကာ ကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူး ခရိုင်တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒါ့အပြင် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုံလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ပြေး တွေကိုလည်း PRA-Magway တပ်ဖွဲ့က ကင်းပုန်းချ ကာ ပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ် နေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာနဲ့ ဒီဇင်ဘာ ပထမပတ် အတွင်းကလည်း စစ်ကောင်စီရဲ့ အင်အား ၅၀ နီးပါးကို ချေမှုန်းနိုင်ခဲ့ကာ လက်နက်ငယ် ၈ လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်း ရရှိခဲ့ တယ်လို့ PRA Magway ကပြောပါတယ်။

 

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ မိမိတစ်ဖွဲ့ချင်းဖြင့် သော်လည်း ကောင်း၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်း၍ သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်တဲ့ စစ်ရေး ရည်မှန်းချက်တွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *