Magway News

0 0
Read Time:2 Minute, 18 Second

အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာစဉ် ဖမ်းမိထားတဲ့ စစ်ဗိုလ်ကြီး ၁ ဦးပါ ၁၂ ဦးကို ကောင်းမွန် စွာစောင့်ရှောက်ပေးထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် – ACDF ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်လာစဉ် ဖမ်းမိထားတဲ့ စစ်ဗိုလ်ကြီး ၁ ဦးပါ ၁၂ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် -ACDF က ထုတ်ပြန် ထားပါတယ်။

 

နိုဝင်ဘာလနှောင်းပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း မှ ထွက်ပြေးလာတဲ့ စစ် ကောင်စီ တပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်သုံ့ပန်းတွေနဲ့အတူ Laptop တစ်လုံး ၊  Phone တစ်လုံး ၊ MA-1 အမျိုးအစားသေနတ် ၁ လက်၊ MA-3  အမျိုးအစား သေနတ် ၁ လက်၊ 5.56 ကျည် ၂၃ တောင့် ၊ Type-81 အမျိုးအစား သေနတ် ၁ လက် (ကျည်ဘောက်မပါ)၊ ပစ္စတို သေနတ် ၁ လက် နဲ့ ကျည် ၂၄ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

 

အဲဒီဖမ်းဆီးမှုကိုတော့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၊ New Society Army (NSA) နဲ့ ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

 

ဖမ်းဆီးရမိတဲ့အချိန် စစ်သုံ့ပန်းတွေမှာ ဒဏ်ရာတွေရရှိထားတဲ့အတွက် ဆေးဝါးကုသမှု ပေးထား သလို ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကအစ လိုအပ်တာ ဖြည့်ဆည်းပေးကာ စနစ်တကျ ထိန်း သိမ်းပေးထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် က ပြောပါတယ်။

 

ဒေသအသီးသီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့အပေါ် အနိုင်အထက်ပြုနေတဲ့ စစ်အာ ဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မည်လား ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူနဲ့အတူ ရှင်သန် ရပ်တည်မည်လားဆိုတာကို စဉ်စားဆုံးဖြတ်စေလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *