မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၄
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အ ဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် – လှော်ကား တာဆုံအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိ တ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Photo – ရန်ကုန်မြို့တွင်းတနေရာရှိ အကြမ်းဖက်စစ်တပ်ဂိတ်တစ်ခု( ပုံဟောင်း)
အဆိုပါ တိုက်ခိုက်မှုကို Rangoon Urban Column (RUC) စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း အောင်မင်္ဂလာအဝေးပြေး ကားဝန်းရှေ့ရှိ အကြမ်း ဖက်စစ်တပ် ထောက်တိုင် စစ်ဖက်ရေးရာ လုံခြုံရေးရုံးချုပ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media