ဘူးသီးတောင်မြို့တွင် နေအိမ်များအတွင်းဖောက်ထွင်းခိုးယူသူများကို ဖမ်းဆီးအပြစ်ပေးကာ ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် နေအိမ်များအတွင်း ဖောက်ထွင်းခိုးယူသူများကို ဖမ်းဆီးအပြစ် ပေးကာ ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ် ပြန်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့အား အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ ပြီး နောက်ပိုင်းမှ စ၍ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများ အား တမင်တကာ ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှိဖျက်ဆီးခဲ့သူများ နှင့် သူခိုးများကို အာရက္ခတပ်တော် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးပြီး သက်သေခံ ပစ္စည်း များ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ် ပေး အရေးယူလျက်ရှိကြောင်း သိရသည်။
ထို့အပြင် နေအိမ်များအတွင်းမှ ခိုးယူသွားခြင်းခံရသော ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံ ခြင်းကို တရားဝင်အခမ်းအနားဖြင့် ဘူးသီးတောင်မြို့တနေရာ၌ နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ ကြောင်း၊ ယခုအခမ်းအနားသည် ပထမအကြိမ်ဖြစ်ပြီး ပစ္စည်းပိုင်ရှင် ၃၁ ဦးလက်ထဲသို့ ကောင်းမွန်စွာ အပ်နှံနိုင်ခဲ့ကြောင်း သိရသည်။
တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာနမှ သိမ်းဆည်းရရှိထားသော ပိုင်ရှင်မဲ့ပစ္စည်းများကို လည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြည်သူများ၏ လက်ရှိစားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဤကဲ့သိုသော တရားဝင်အခမ်းအနားမျိုးကျင်းပပြီး ပြည်သူလူထုများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထိုအပြင် မိမိတိုထံတွင် ကျန်ရှိနေသေးသည့် အခြားသော ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိသော အခြေအနေနှင့် နေ့ရက်များတွင် ဆက် လက်အပ်နှံသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် – AA က ဆက်လက်ပြောဆိုထားသည်။
တိုက်ပွဲများအတွင်း မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်ရှိနေခဲ့သော ရှိရင်းစွဲပစ္စည်းများ၊ တိုက်ပွဲများ အတွင်း ပျက်စီးသွားခြင်းမှ ကာကွယ်ရန်အတွက် အာရက္ခ စစ်သည်တော်များ၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံသည့်နေရာများသို့ ရွေ့ပြောင်းထားနိုင်ခဲ့သော ပစ္စည်းများ ကို လည်း ၎င်းတို့ပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်အား အကန့်အသတ်ဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်၏ အာရက္ခဒေသ မြိုသိမ်းတိုက်ပွဲများအတွင်း၌ မြို့သိမ်းတိုက်ပွဲများမစတင်မီ၊ မြို့ တွင်းတိုက်ပွဲ ဖြစ်ပွားနေသောကာလ နှင့် မြို့အားသိမ်းယူပြီးစ အခြေအနေများတွင် မြို့အသီးသီးမှ သူခိုးများသည် စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသောအခွင့်အရေးများ နှင့် အာရက္ခပြည်သူ့တော်လှန် ရေး အစိုးရ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး အစီအမံများကို ကောင်းမွန် စွာ မချထားနိုင်သေးသော အခိုက်အတန့်ကြား ဟာကွက်ချက်ကို အခွင့်အရေးယူကာ ပြည်သူ့နေအိမ် များကို ဖောက်ထွင်းပြီး သယ်ယူနိုင်သောပစ္စည်းများကို ခိုးယူတို့လုပ်ဆောင်မှုရှိကြောင်း အာရက္ခ တပ်တော် – AA က ပြောဆိုထားသည်။
Thanlwin Mynamar Media