Bago News

0 0
Read Time:2 Minute, 55 Second

ခမရ ၆ တပ်ရင်းစခန်းမှ ဆိုင်ကယ်ဖြင့်ထွက်လာသည့် စစ်သားများကို ကြားဖြတ်ခိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းစခန်းမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး လက်နက် ၁ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်က အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းစခန်းမှ ဆိုင်ကယ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်လာကြောင်း တပ်တွင်း ဖရဲသီး သတင်းပေးပို့ ချက် အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တပ်ရှေ့ရှိ ကိုက် ၂၀၀ ခန့်အကွာနေရာမှ ကြားဖြတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၈ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ သိန်းဝင်းနှင့် တပ်ကြပ်အဆင့်ရှိသူ တင်အောင် တို့ နေရာ မှာပင်ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ခမရ ၆ အ တွင်းသို့ ကြောက်လန့်တကြား ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် MA-3 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ဘောက် ၂ ခု ၊ ၅.၅၆ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျောပိုးအိတ် ၁ လုံး နှင့် အခြား လျှို ဝှက်စာရွက်စာတမ်းများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ – ၄ (အုတ်ဖို) တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုစစ်ဆင်ရေးလုပ်ဆောင်နိုင်ရန် သတင်ပေးပို့ခဲ့သော တပ်တွင်းဖရဲသီးကို လေးစားစွာ အသိအမှတ် ပြုမှတ်တမ်းတင်ထားကြောင်း၊ ဆက်လက်၍ ပြည်သူများနှင့်တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေး နေသော အကြမ်းဖက်စစ်သားများနှင့် စစ်တပ်ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *