Poem

0 0
Read Time:52 Second

ကဗျာကဏ္ဍ “မုဒိမ်းလူသတ် မီးရှို့တပ်”

 

ပျိုးကြဲလက်

 

တပ်မတော် ညာချလို့

စာသမှဖြစ်မယ်

ထာဝရ အမြစ်တွယ်တယ်

သူရစ်နွယ် ညဉ်ဆိုး ။

 

ရပ်ကြဖို့ စာဆိုလျှင်

သာငြိုငြင် တိုးတဲ့ရန်ငြိုး ။

 

ဘုန်းတော်ဘွဲ့ တေးဆိုရင်

ပြေးကြိုကာ လာဘ်ထိုး ။

 

ပြည့်ဘဏ္ဍာ သူခိုးပေါ့

မူဆိုးတဲ့ ဖြစ်အင် ။

 

အာဏာပိုင် ထိပ်သီးက

ကြိတ်ပြီးတော့ ခိုးနိုင်ဖို့ပြင် ။

 

ရဲမက်တိုင်း မစင်ကြယ်

မမြင်ကွယ် ဓားပြပေါ့

တောင်းစားကြ ပြည်သူသာ

လမ်းထက်မှာ ။

 

မုဒိမ်းနဲ့ လူသတ်ပါရင်

ထိုတပ်သာ လုပ်နိုင်ငဲ့လေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် ညနေ ၄ နာရီ ၅၈ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *