အနောက်န်ုင်ငံလွှမ်းမိုးမှုကို ဆန့်ကျင့်ဖို့ BRICS ကို ပူးပေါင်းလိုက်တဲ့ မလေးရှားနိုင်ငံ
သခင်ဇော်ကြီး (ဘာသာပြန်ဆောင်းပါး)
ဝန်ကြီးချုပ် Datuk Siri Anwar Abrahim ကြေညာတဲ့အတိုင်းပဲ မလေးရှားဟာ ခုတော့ BRICS ကို ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဒီဆုံးဖြတ်ချက်က ပူးပေါင်းရုံထက်ပိုပြီး အနောက်အုပ်စု စနစ်ကို စိန်ခေါ်တဲ့ပုံစံ ပိုပေါက်ပါတယ်။
BRICS ဆိုတာ ဒေါ်လာ ကြီးစိုးမှုကို ဖျက်သိမ်းဖို့ နိုင်ငံပေါင်းစုံပါဝင်ရေးကို ဦးတည်ရည်ရွယ်ထားတာ ကြောင့် နိုင်ငံအတော်များများ ပူးပေါင်းလာပါတယ်။
ဒါက အနောက်အုပ်စုလွှမ်းမိုးမှုကို လျော့ချနေချင်တဲ့အကြောင်း ပြသနေတာပါ။
မလေးရှားကရော ဒါကြောင့်များလား။
မလေးရှားရဲ့ BRICS မှာပူးပေါင်းဖို့ ဝန်ကြီးချုပ် ထုတ်ဖော်ပြောလိုက်တဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်က မလေးရှားရဲ့ နိုင်ငံတကာဆိုင်ရာဗျူဟာမြောက်မှုမှာ သိသာတဲ့ခြေလှမ်းကို လှစ်ဟပြလိုက်တာပဲဖြစ် ပါတယ်။
ဒါက မလေးရှား နဲ့ ကမ္ဘာ့အရေးအခင်းမှာ ဘာဖြစ်သွားစေနိုင်လဲ။
================================================
ကမ္ဘာကြီးက နိုင်ငံပေါင်းစုံပါဝင်မှုပုံစံကို လိုလားနေချိန်မှာ ဒီဆုံးဖြတ်ချက်ပေါ်ထွက်လာတာဖြစ်ပြီး ရေရှည်ရပ်တည်လာခဲ့တဲ့ အနောက်အုပ်စုကြီးစိုးမှုကို စိန်ခေါ်မှုအသွင် သက်ရောက်စေပါတယ်။
BRICS မှာ အဖွဲ့ဝင်ဖြစ်ဖို့ လုပ်ဆောင်နေတဲ့ မလေးရှားဟာ ပထဝီန်ုင်ငံရေးအရွေ့ကို လုပ်ဆောင်နေ ရုံမက သူ့ရဲ့သဘောထားကိုပါ လှစ်ဟပြနေတာပါ။
မလေးရှားဟာ ကမ္ဘာ့ပြောင်းလဲမှုအရွေ့မှာ သူကိုယ်တိုင် ရှေ့တန်းက ပါဝင်နေပြီး သူ့ရဲ့လွှမ်းမိုးမှုကို မြှင့်တင်ဖို့ ကမ္ဘာ့အဆင့်မှာ တက်ကြွတဲ့နေရာက ပါဝင်နေပါတယ်။
ဒီလိုဆုံးဖြတ်ဖို့ ဘာက တွန်းအားပေးလိုက်တာလဲ။
======================================
မလေးရှားရဲ့ ရည်မှန်းချက်က အဖွဲ့ဝင်ဖြစ်ရုံသာမကပါဘူး။ ဒီအရွေ့က နိုင်ငံအသီးသီးကြား ဟန် ချက်ညီပြီးတန်းတူညီမျှတဲ့ အာဏာခွဲဝေမှုရှိတဲ့ ကမ္ဘာ့အဆင့်တစ်ခုဖြစ်လာဖို့အတွက် ရည်မှန်းချက် ရှိနေကြောင်း ပြသနေပါတယ်။
ပြီးတော့ ဖြစ်ပေါ်လာတဲ့စီးပွားရေး ရေစီးကြောင်းနဲ့အတူ လိုက်ပါနိုင်ဖို့ဆိုတဲ့ မလေးရှားရဲ့ အဆင်သင့် ဖြစ်မှုကိုလည်း ပြသနေပါတယ်။
ကမ္ဘာကြီးကစောင့်ကြည့်နေချိန်မှာပဲ BRICS ထဲကို မလေးရှားဝင်ရောက်လာမှုက ကမ္ဘာ့မဟာမိတ် တွေနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေမှာ အခန်းကဏ္ဍအသစ် စဖွင့်လိုက်သလိုပါပဲ။
BRICS ထဲကို မလေးရှားဝင်ရောက်လာမှုက ဘာကြောင့်ထူးခြားနေရတာလဲ
========================================================
ဒါကိုနားလည်ဖို့ Malaca ရေလက်ကြားတလျှောက်က သူ့ရဲ့မဟာဗျူဟာမြောက်အခန်းကဏ္ဍကို ကြည့်ရှုဖို့လိုပါတယ်။
ဒီရေလက်ကြားက ကမ္ဘာ့ကုန်သွယ်မှုအများဆုံးနေရာဖြစ်ပြီး ပစီဖိတ်နှင့် အိန္ဒိယပင်လယ်ကို ချိတ် ဆက်ပေးတဲ့ အရေးကြီးတဲ့ Point ပဲဖြစ်ပါတယ်။
နေ့တိုင်းကုန်ကူးနေတဲ့ ရေနံကနေ အီလက်ထရောနစ်ပစ္စည်းတွေအဆုံး အင်မတန်ကြီးမားတဲ့ ကုန် ပစ္စည်းတွေကို မြင်ယောင်ကြည့်ပါ။
ဒီနေရာကို ထိန်းချုပ်ထားနိုင်ခြင်းက အကျိုးကြီးမားရုံမက သေခန်းရှင်ခန်းထိ ပြောင်းလဲပစ်စေနိုင်ပါ တယ်။
မလေးရှားရဲ့ ပထဝီအရ အရေးပါမှုအပေါ် ဝန်ကြီးချုပ်ရဲ့ မဟာဗျူဟာမြောက် ရှုမြင်ပုံက ပိုနက်ရှိုင်း တဲ့ အစီအစဉ်ကို ပြသနေပါတယ်။
BRICS မှာ ပူးပေါင်းခြင်းဖြင့် မလေးရှားဟာ စီးပွားရေးနဲ့ ဒီအရေးပါတဲ့ရေကြောင်းပေါ်လစီတွေကို လုပ်ဆောင်ရာမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပုံပါ။
ကမ္ဘာ့ကုန်ကူးသန်းမှုနဲ့ စွမ်းအင်သယ်ဆောင်ရေးတို့မှာ ကြီးမားစွာပြောင်းလဲစေနိုင်တဲ့ ဒီလိုဆုံးဖြတ် ချက်ကို မလေးရှားက လက်ကိုင်ထားပါတယ်။
ခုလိုဆုံးဖြတ်တာက ပူးပေါင်းရုံမဟုတ်ပဲ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မလေးရှားရဲ့အသံကို ဟစ်ကြွေးပြလိုက် တာပဲ ဖြစ်ပါတယ်။
BRICS မှာ ပါဝင်မှုက သူ့ရဲ့နိုင်ငံတကာအဆင့်အတန်းကို သတ်မှတ်လိုက်တာဖြစ်ပြီး BRICS ရဲ့ ဗျူ ဟာမြောက်တဲ့ ဦးတည်ချက်မှာလည်း အရေးပါအရာရောက်တဲ့နေရာကနေ ပါဝင်ဖို့ ဖြစ်လာစေပါ တယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ ခြေလှမ်းက သူ့နိုင်ငံ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်လာဖို့ အလားအလာရှိမှုကို ကောင်းစွာ နားလည်ထားတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
ပြီးတော့ ဖြစ်လာနိုင်တဲ့ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းကို ချုပ်ကိုင် လွှမ်းမိုးဖို့လည်း အဆင်သင့်ပြင်ထားပါတယ်။
မလေးရှား ပါဝင်လာမှုနဲ့အတူ BRICS ဟာ အဖွဲ့ဝင်အသစ်ရရှိရုံမက ကမ္ဘာ့လွှမ်းမိုးမှုကို မြှင့်တင်ပေး နိုင်တဲ့ ပထဝီဆိုင်ရာနှင့် စီးပွားရေး အလားအလာကောင်းတွေရှိတဲ့ ဗျူဟာမြောက်ပါတနာကိုပါ ရလိုက် တာဖြစ်ပါတယ်။
ဒါက မဟာမိတ်အသစ်ထက်ပိုပြီး မလေးရှားက အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ နိုင်ငံပေါင်းစုံ တန်းတူညီမျှရေးဆီ ပြောင်းလဲပေးနိုင်တဲ့ ခြေလှမ်းလည်းဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် ကနဦး ကတည်းက BRICS ဟာ သူ့ရဲ့ အဖွဲ့ဝင်တွေ လွှမ်းမိုးနိုင်မှု တိုးချဲ့လာခဲ့ရာ သိသိ သာသာကြီးထွားလာပါတယ်။
အီဂျစ် ၊ အီသီရိုးပီးယား ၊ အီရန် ၊ ဆော်ဒီအာရေးဗီးယား ၊ အာဂျင်တီးနား ပြီးတော့ ယူအေအီးတို့ မကြာခင်က ပါဝင်လာမှုဟာ ကြီးထွားလာတဲ့ စီးပွားရေးကြားက သူ့ရဲ့ တိုးမြင့်လာတဲ့ဆွဲဆောင်မှုကို မီးမောင်းထိုးပြနေပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ပူးပေါင်းလာတဲ့ နိုင်ငံတွေဟာ အနောက်အုပ်စုကြီးစိုးမှုကို တွန်းလှန်ဖို့ ကွဲ ပြားတဲ့ခွန်အားတွေ၊ မတူညီတဲ့ရှုမြင်မှုတွေကို သယ်ဆောင်လာပါတယ်။
BRICS ကို ဘာကြောင့်လူကြိုက်များလာရတာလဲ
======================================
BRICS ကို အစပိုင်းမှာ G7 နိုင်ငံတွေရဲ့ စီးပွားရေးလွှမ်းမိုးမှုကို တန်ပြန်လုပ်ဆောင်ဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
နှစ်ကြာလာတော့ အဲဒါက ကမ္ဘာလုံးဆိုင်ရာ ငွေကြေးနှင့်အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းဖြစ်လာဖို့ တက်တက်ကြွကြွ လုပ်ဆောင်လာတဲ့ အရေးပါတဲ့ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းအသွင် ပြောင်းလဲလာပါတယ်။
အနောက်အင်အားကြီးနိုင်ငံတွေကပဲ ထိန်းချုပ်လွှမ်းမိုးမထားတဲ့ ကမ္ဘာကြီးကို စိတ်ကူးပုံဖော်ကြည့် တာဖြစ်ပါတယ်။
အဖွဲ့ရဲ့ ဖွံဖြိုးမှုအသစ်စီမံကိန်း NDB ဘဏ်ဟာ အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာအခြေခံအဆောက်အအုံနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေးတို့အတွက် ငွေစိုက်ထုတ်ပေးခြင်းအားဖြင့် ဒီလိုဖြစ်လာဖို့ အားထုတ်မှုရဲ့ အကောင်း ဆုံးပြယုဂ်ပါပဲ။
NDB ဟာ အနောက်အုပ်စုလွှမ်းမိုးထားတဲ့ IMF နှင့် World Bank လိုမျိုး ငွေကြေးဆိုင်ရာအဖွဲ့အစည်း တွေပေါ်မှာ မှီခိုမှုကို လျော့ချပေးပါတယ်။
BRICS မှာ ပူးပေါင်းမယ့် မလေးရှားရဲ့ ခြေလှမ်းက အချိန်အခါသင့်ပြီး နည်းဗျူဟာကျလှပါတယ်။
“ကမ္ဘာကြီးဟာ လက်ဝါးကြီးအုပ် ဝါဒကြီးစိုးရာ မဟုတ်တော့ဘူး” ဆိုတဲ့ လေးရှားဝန်ကြီးချုပ် Anwar Ibrahim ရဲ့ ယုံကြည်မှုက နိုင်ငံအများအပြားရဲ့ ခံတွင်းတွေ့စရာဖြစ်နေပါတယ်။
အနောက်အုပ်စုက လုံးဝမထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ သူ့ရဲ့ပြောဆိုချက်က တက်သစ်စနိုင်ငံတွေရဲ့ အကျိုးကိုလျစ်လျူပြုတတ်တဲ့ ကမ္ဘာ့အုပ်စိုးမှုအတွင်းက ကြီးမားလာတဲ့မကျေနပ်မှုတွေကို ရောင်ပြန် ဟပ်စေပါတယ်။
ဒီသဘောထားက BRICS ဘာကြောင့် အထင်ကရဖြစ်လာလဲဆိုတာရဲ့ တွန်းအားပါပဲ။
မလေးရှားအတွက်တော့ BRICS နဲ့ပူးပေါင်းခြင်းက စီးပွားရေးအကျိုးအမြတ်အတွက်သာ မဟုတ်ပဲ ပို ပြီး ဟန်ချက်ညီတဲ့ ကမ္ဘာလုံးဆိုင်ရာ အာဏာတည်ဆောက်မှုကို ဖန်တီးစေမယ့် အရွေ့တစ်ခုရဲ့ အစိပ် အပိုင်းလည်း ဖြစ်ပါတယ်။
ဒါက ကမ္ဘာ့စင်မြင့်ပေါ်မှာ လွပ်လပ်မှုနှင့်တန်းတူဖြစ်မြောက်ရေးအတွက် တောင်းဆိုမှုဖြစ်ပါတယ်။
မလေးရှားရဲ့ ခြေလှမ်းက ပိုမျှတပြီးအားလုံးပါဝင်နိုင်တဲ့ကမ္ဘာကြီးဖြစ်ဖို့ လုပ်ဆောင်ရာမှာ အခြားနိုင်ငံ တွေနဲ့ ယှဉ်တွဲလုပ်ဖို့ အဆင်သင့်ဖြစ်မှုကို ပြသနေပါတယ်။
မလေးရှားက ရှေ့ကို ဆက်လှမ်းနေချိန်မှာပဲ BRICS အဖွဲ့ဝင်ဖြစ်လာနိုင်မှုက နိုင်ငံတကာရေးရာမှာ သူ့ရဲ့ သြဇာလွှမ်းမိုးနိုင်မှုကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။
ဒီမဟာဗျူဟာကျတဲ့ အရွေ့က စီးပွားရေးတိုးတက်မှု နိုင်ငံရေးမဟာမိတ် ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်နိုင်မှုတွေကို ပြသရာလည်းရောက်ပါတယ်။
BRICS မှာ မလေးရှား ပါဝင်လာခြင်းက အဲဒီအုပ်စုမှာ ပါဝင်ရုံမျှမဟုတ်ပဲ ကမ္ဘာလုံးဆိုင်ရာအုပ်စိုးမှုရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို ပြသတဲ့နေရာမှာ ကူညီရာလည်းရောက်ပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ ကမ္ဘာ့တောင်ပိုင်းနဲ့ပတ်သက်လို့ အလေးထားမှုက ဖွဲ့ဖြိုးဆဲနိုင်ငံတွေကြား အချုပ်အခြာအာဏာတည်မြဲရေးအပေါ် မလေးရှားရဲ့ လေးနက်တဲ့ ကတိကဝတ်ကို မီးမောင်းထိုးပြ နေပါတယ်။
ဒီလိုဆို ကမ္ဘာ့တောင်ပိုင်းဆိုတာ အတိအကျ ဘာကိုခေါ်တာလဲ ပြီးတော့ ဘာကြောင့်အရေးပါတာ များလဲ။
ကမ္ဘာ့တောင်ပိုင်းဆိုတာက Latin America , Asia , Africa ပြီးတော့ Oceania တဝှမ်းက ဒေသတွေ ကို ဆိုလိုတာပါ။
ဒီနေရာတွေက မကြာခဏဆိုသလို နိုင်ငံတကာ ဖိုရွန်မှာ ပါဝင်နေပြီး အနောက်အုပ်စုက ကြီးစိုးထား ပါတယ်။
အဲဒီနိုင်ငံတွေအတွက်တော့ BRICS နဲ့ပူးပေါင်းခြင်းက စီးပွားရေးအခွင့်အလမ်းထက်ပိုပြီး ပိုမျှတတဲ့ စီးပွားရေးပေါ်လစီကို ထောက်ခံဖို့ အခွင့်အလမ်းလည်းဖြစ်ပါတယ်။
ပြီးတော့ ကမ္ဘာ့အဖွဲ့အစည်းကြီးမှာ ပါဝင်လှုပ်ရှားလည်း ဖြစ်ပါတယ်။
မလေးရှားဟာ ဒီလှုပ်ရှားမှုရဲ့ ထိပ်တန်းမှု ပါဝင်နေပါလိမ့်မယ်။
BRICS မှာ ပါဝင်လာတဲ့ မလေးရှားဟာ အဲဒီနိုင်ငံတွေရဲ့ အကျိုးအတွက် လုပ်ဆောင်ဖို့ ရည်ရွယ်ထား ပြီး နိုင်ငံတကာလုံးဆိုင်ရာလမ်းကြောင်းမှားနှင့် ပေါ်လစီတွေကို ပြန်လည်သုံးသပ်ဖို့ ဦးဆောင်နေပါ တယ်။
ဝန်ကြီးချုပ် Anwar Ibrahim ရဲ့ မဟာဗျူဟာမြောက်အရွေ့က မလေးရှားဟာ ရှေ့ဆုံးကဦးဆောင်ဖို့ ဆိုတဲ့ အဆင်သင့်ဖြစ်မှုကို ထောက်ပြနေပါတယ်။
ဥပမာ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်တဲ့ န်ုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ခြင်းကိုပဲ ကြည့်ပါ ။
ဒီမဟာဗျူဟာကျလုပ်ဆောင်မှုက အပြောတင်မဟုတ်ပါဘူး။ မလေးရှားရဲ့ BRICS အဖွဲ့ဝင် ဖြစ်လာ နိုင်မှုက လက်တွေ့ကျတဲ့ စီးပွားရေးနှင့် သံတမန်ရေးရာအကျိုးအမြတ်တွေ ဖြစ်လာစေနိုင်ပါတယ်။
တိုးမြှင့်လာတဲ့ ကူးသန်းရောင်းဝယ်ရေး ဆက်နွယ်မှုက ရင်းနှီးမြှုပ်နှံမှုရေစီးကြောင်းကို မြှင့်တင်ပေး နိုင်ပြီး BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်တည်မှုကို ကြီးထွားလာစေပါတယ်။
ဒါ့ကြောင့် မလေးရှားရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အာမခံပေးနိုင်ပါတယ်။
ဥပမာပြရရင် မလေးရှားရဲ့ ဗျူဟာကျကျတည်ရှိမှုက တရုတ်ရဲ့အာရှပိုးလမ်းမကြီးအတွက် မက် လောက်စရာ ပါတနာဖြစ်စေလို့ အားသာချက်တစ်ခုဖြစ်နေပါတယ်။
ဒီလမ်းမကြီးက ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းနှင့် စီးပွားရေးဆက်နွယ်မှုတို့ကို မြှင့်တင် ဖို့ဖြစ်ပြီး မလေးရှားအတွက် အရေးပါတဲ့အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး ပါတနာ အဖြစ်ဆီ ဦးတည်သွားစေနိုင်ပါတယ်။
ပြီးတော့ BRICS အဖွဲ့ဝင်တွေက သူတို့ရဲ့ငွေကြေးသုံးပြီး ကြီးကြီးမားမား ရောင်းဝယ်နေချိန်မှာပဲ မလေးရှားက ဒေါ်လာအပေါ် သူ့ရဲ့မှီခိုမှုကို လျော့ချပစ်နိုင်ပါတယ်။
ဒီလိုဆိုရင် အနောက်အုပ်စုရဲ့ စီးပွားရေးဖိအားကနေ သူ့ကိုယ်သူ ကာကွယ်ပြီးသားဖြစ်သွားမှာပါ။
ဒီအရွေ့က စီးပွားရေးအခွင့်အလမ်းကို ကိုယ်စားပြုနေရုံမက ကမ္ဘာ့ရေးရာမှာ မလေးရှားရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့်လွှမ်းမိုးမှုကို ဖြစ်ပေါ်စေမယ့် ဗျူဟာမြောက်တဲ့လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။
မလေးရှားက ဒီအခရာကျတဲ့အရွေ့ကို လုပ်ဆောင်ရင်း BRICS နဲ့ပူးပေါင်းခြင်းက ကမ္ဘာ့တောင်ပိုင်း နိုင်ငံတွေကြား အပြန်အလှန်မှီခိုမှုနှင့် အချုပ်အခြာအာဏာ တည်ရှိလာမှုတို့ရဲ့ ခေတ်သစ်ကို အချက် ပြနေပါတယ်။
ဒါက ပို၍ ဟန်ချက်ညီပြီး အားလုံးပါဝင်တဲ့ကမ္ဘာ့တည်ဆောက်မှုဆီ ဦးတည်တဲ့ လမ်းကြောင်းပဲဖြစ်ပါ တယ်။
အဲဒီခရီးမှာ မလေးရှားရဲ့အသံဟာ အခြားပေါ်ထွက်လာနေတဲ့စီးပွားရေးတွေနဲ့အတူ ပဲ့တင်ထပ်နေပြီး လာမယ့် နိုင်ငံတကာ ဆက်နွယ်မှုနှင့်စီးပွားရေး ပေါ်လစီတွေကို ပုံစံသွင်းတည်ဆောက်လာနိုင်စေပါ တယ်။
မလေးရှား မှာ အနောက်အုပ်စုလွှမ်းမိုးမှုကို ပြောင်းလဲဖို့ အစီအစဉ်ရှိတဲ့အကြောင်း ရှေ့မှာ ပြောခဲ့ပါ တယ်။
ဒါပေမယ့် မလေးရှားက အနောက်အုပ်စုကို ဘာကြောင့်ဝေဖန်ရသလဲ
====================================================
မလေးရှားဝန်ကြီးချုပ်ရဲ့ အနောက်အုပ်စုလွှမ်းမိုးမှုအပေါ် ပြစ်တင်ဝေဖန်မှုနှင့် အဖွဲ့ဝင်နိုင်ငံတွေဆီ ကနေ လွတ်လပ်တဲ့ပြောဆိုမှုရှိဖို့ သူ့ရဲ့တောင်းဆိုချက်တို့ဟာ ပိုပြီးကျယ်ပြန့်တဲ့နိုင်ငံရေးသဘော တူညီမှုအရွေ့ကို ထင်ပေါ်စေပါတယ်။
သူ့ရဲ့အမြင်သဘောထားက BRICS ရဲ့ အဓိက ကျတဲ့စည်းမျဉ်းတွေနဲ့လိုက်လျောညီထွေမှုရှိပြီး အာ ဏာကို တန်းတူခွဲဝေမှုရှိတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ကမ္ဘာကြီး ဖြစ်ထွန်းလာစေပါတယ်။
ဒီရပ်တည်ချက်က အထူးသဖြင့် အနောက်အုပ်စုကြီးစိုးခံခဲ့ရတဲ့ နိုင်ငံတွေကို ပိုပြီးအကြိုက်တွေ့သွား စေပါတယ်။
မလေးရှားရဲ့ BRICS ဆီ အရွေ့က ကမ္ဘာ့အုပ်ချုပ်စိုးမိုးမှာပုံစံ တည်ဆောက်ရေးမှာ အင်တိုက်အား တိုက် ပါဝင်ဖို့ ကြံရွယ်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။
ဒါက နိုင်ငံငယ်လေးတွေရဲ့ စီးပွားရေး နိုင်ငံရေးအာဏာကို အမှုမထားပဲ အပြန်အလှန်လေးစားမှုရှိတဲ့ ကမ္ဘာကြီးတည်ဆောက်ဖို့ ကဏ္ဍမှာ အခြားနိုင်ငံတွေလည်း ပါဝင်လာဖို့ ဖိတ်ခေါ်ရပ်တခုလည်းဖြစ်ပါ တယ်။
ဒါပေမယ့် မလေးရှားက အနောက်နိုင်ငံတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းလိုလိုကို နဖူး တွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရပါပြီးပြီ။
သမိုင်းကြောင်းအရ တခြားဖွံဖြိုးစနိုင်ငံတွေလိုပဲ မလေးရှားဟာ world trade organization. International monetary fund (IMF). ဒါမှမဟုတ် World bank စတဲ့ဟာတွေမျိုး အနောက်အုပ်စု ကြီးစိုးတဲ့အဖွဲ့တွေကနေ ချမှတ်တဲ့ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးသဘောတူညီချက်တွေမှာ အတား အဆီးတွေ မညီမျှမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒီအဖွဲ့တွေက တခါတရံဆို အနောက်အုပ်စုစီးပွားရေး ကိုမျက်နှာသာပေးမှု ဒါမှမဟုတ် ကမ္ဘာတောင် ပိုင်းက နိုင်ငံတွေရဲ့ဖွံဖြိုးတိုးတက်မှုနဲ့ မဆီလျော်တဲ့ အခြေအနေဖြစ်ပေါ်စေတဲ့ ပေါ်လစီချမှတ်မှုတွေ ကြောင့် ဝေဖန်ပြစ်တင်ခံရပါတယ်။
ဒီထဲမှာ ကူးသန်းခွင့်လွတ်လပ်မှု ပိုင်ဆိုင်မှုအခွင့်အရေး ငွေကြေးထောက်ပံမှု စတာတွေ နဲ့သက်ဆိုင် တဲ့ အကြောင်းခြင်းရာတွေ ပါဝင်ပါတယ်။
ပြီးတော့ အနောက်အုပ်စုစီးပွားရေး ပေါ်လစီက မလေးရှားရဲ့ ကိုယ်ပိုင်စီးပွားရေးတည်ငြိမ်မှုနှင့် တိုး တက်မှုတို့အပေါ် ရိုက်ခတ်နိုင်ပါတယ်။
ဥပမာ အနောက်နိုင်ငံသုံးစွဲသူတွေနှင့် စျေးကွက်သဘောတရားတို့က ကြီးစိုးထားတဲ့ ကမ္ဘာ့လူသုံးကုန် စျေးနှုန်း ပြောင်းလဲမှုတွေက မလေးရှားရဲ့ ထုတ်ကုန်စီးပွားရေးပေါ်မှာ ကြီးကြီးမားမား သက်ရောက် နိုင်ပါတယ်။
အထူးသဖြင့် စားအုန်းဆီ ရော်ဘာ အီလက်ထရောနစ် တို့လိုမျိုး နယ်ပယ်တွေမှာပါမလေးရှားရဲ့ ကမ္ဘာ့ လွှမ်းမိုးမှုပုံစံသစ်ဆီ ဦးတည်သွားနိုင်သလို စျေးကွက်စီးဆင်းမှုကို တိုးချဲ့နိုင်ပြီး ကမ္ဘာ့ဇာတ် ခုံပေါ်မှာ မလေးရှားရဲ့ သြဇာကို ပြသစေနိုင်မှာဖြစ်ပါတယ်။
ဒီဗျူဟာကျတဲ့ အရွေ့က မလေးရှားရဲ့မြင့်မားတဲ့ဝင်ငွေရဖို့ဆိုတဲ့ အိပ်မက်နဲ့ ကိုက်ညီရုံမက ဗျူဟာ မြောက်အခွင့်အလမ်းကို လက်ကိုင်ပြုဖို့နှင့်စီးပွားရေးအင်အားကို မြှင့်တင်ဖို့ဆိုတဲ့ သူ့ရဲံ့ကြံရွယ်ချက် နဲ့ လည်း ကိုက်ညီနေပါတယ်။
BRICS အဖွဲ့ဝင်ဖြစ်လာဖို့ လုပ်ဆောင်ချက်က မလေးရှားအတွက် ရဲရင့်တဲ့ ဗျူဟာမြောက်အရွေ့ကို ပြသနေပြီး သူ့ရဲ့ ပထဝီနိုင်ငံရေးအဆင့်အတန်းကို မြှင့်တင်ဖို့လည်း ယုံကြည်ချက်ရှိနေပါတယ်။
အင်အားကြီးတဲ့ စီးပွားရေးလမ်းကြောင်းတွေနဲ့အချိတ်အဆက်ပြုလျက် မလေးရှားဟာ ပိုပြီးမျှတ အားလုံးပါဝင်တဲ့ ကမ္ဘာ့အဆောက်အအုံကြီးတစ်ခုဖြစ်ဖို့အတွက် ထောက်ခံဝန်းရံနေပုံရပါတယ်။
မကြုံဖူးသေးတဲ့နယ်မြေထဲကို ခြေဆန့်လိုက်တဲ့ မလေးရှားဟာ ကမ္ဘာ့အဖွဲ့အစည်းကြီးထဲကို တုန့်ပြန် ရုံမက တက်တက်ကြွကြွ လွှမ်းမိုးလာတာဖြစ်ပါတယ်။
BRICS မှာ ပါဝင်ခြင်းဖြင့် မလေးရှားဟာ သူ့ရဲ့အကျိုးအမြတ်ကို မြှင့်တင်ရုံမက ပိုကျယ်ပြန့်ပြီး မျှမျှ တတ အားလုံးပါဝင်တဲ့ကမ္ဘာ့ အရွေ့မှာ ပါဝင်လုပ်ဆောင်ခြင်းလည်း ညီပါတယ်။
အနောက်အုပ်စုလွှမ်းမိုးမှုကို မေးခွန်းထုတ်လာကြတဲ့ခေတ်မှာ သူ့ရဲ့ BRICS နဲ့ပူးပေါင်းမှုက သိချင် စိတ်နှင့် အကောင်းမြင်သဘောထားတွေကို ဖြစ်ပွားစေပါတယ်။
ဒါက ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ကြွယ်ဝချမ်းသာရေးတို့ ညီတူညီမျှ ခွဲဝေကြမယ့် ပိုပြီးမျှတတဲ့ ကမ္ဘာ့ အဖွဲ့ အစည်းကြီးဆီချီတက်တဲ့ အချက်ပြမီးပြတိုက်တခုဖြစ်ပါတယ်။
ဘာသာပြန်ဆောင်းပါး
Thanlwin Myanmar Media