Chin State News

0 0
Read Time:2 Minute, 57 Second

ဟားခါးမြို့အနီးစစ်တပ်ကာကင်းစခန်း ၄ ခုနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု တပ်ရင်း ၃ ဦးအပါ အဝင် စစ်သား ၂၀ ကျော်သေဆုံး၊ ဒရုန်း၊ လက်နက်ကြီး၊ လက်ငယ် ၆၀ နီးပါး သိမ်းပိုက်ရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂

 

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ ကားကင်းစခန်း ၄ ခုနဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ၃ ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ် ၆၀ နီးပါး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။

 

နိုဝင်ဘာလ ၃၀ ရက်နေ့က ဟားခါး နဲ့ ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နဲ့  Kiamtlang/Ruavazung စခန်းတွေကို ချင်းပြည်အစိုးရ ပူးပေါင်းတပ် တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

 

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား၂၀ ကျော်သေဆုံးပြီးတော့ စစ်သုံ့ပန်း ၁၉ ဦးနဲ့ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၅၇ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အ မြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဟားခါး Ruavazung စခန်းကနေ စစ်သုံ့ပန်း ၁၉ ဦးမိတာပါ။ သီမြစ်စစ်တပ် စခန်းသိမ်းတိုက်ပွဲမှာ သေနတ်တွေ၊ RPG ၊ 60MM တို့ရတယ်။ စခန်း ၄ ခုကို သိမ်းပိုက်ရာမှာ သေဆုံးသူ စစ်ဘက်ကနေ ၂၀ ကျော်လောက်ရှိမယ်။ စစ်သားတွေက အကုန်ထွက်ပြေးကုန်ကြတာ။ တောထဲ ခြုံထဲမှာလည်း အ လောင်းတွေရှိ တယ်။ လက်နက်ခဲယမ်းကတော့ ၅၇ လက်လောက်ရထားတယ်။ ဒရုန်းတွေလည်းပါ တယ်။” လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ဟားခါးမြို့ကို ပြန်လာတဲ့ စစ်ကောင်စီတပ် ခလရ ၂၂၆ တပ်ရင်း ဗျူဟာမှူးကို အော်တိုတောင်နေရာမှာ ချင်းကောင်စီတပ် -CC က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိပြီး မနေ့က (ဒီဇင်ဘာလ ၁ ရက်) တပ်ရင်းမှူးဖြစ်သူမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း၊ ဟားခါးတိုက်ပွဲအတွင်း ခလရ ၂၂၂ တပ် ရင်းမှူး တစ်ဦးသေဆုံးသွားပြီဖြစ်ပြီး စုစုပေါင်း စစ်ကောင်စီတပ်ရင်းမှူး ၃ ဦးသေဆုံးသွားပြီဖြစ် တယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အတူ စစ်ကူအင်အား ဖြည့်တင်းတာတွေရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ သတိ ရှိကြဖို့ တိုက်တွန်းထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *