TNLA News

0 0
Read Time:2 Minute, 11 Second

ကျောက်မဲမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောက်မဲမြို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် ညနေ ၆ နာရီခွဲခန့်က တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တဆင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁၀) ဦးသေဆုံးပြီး (၂၀) ဦး ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အ ရေးပေါ် ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများအား လိုက်လံရှာဖွေရှင်းလင်း လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

 

နောင်ချိုမြို့နယ်တွင်လည်း နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာနေရာကို ဉီးတည်၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၈)သေဆုံးပြီး (၃၄) ဦး ဒဏ်ရာရရှိကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *