Mandalay News

0 0
Read Time:3 Minute, 31 Second

မြင်းခြံမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ် အလုံး ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းအားတိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ် အလုံး ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ် သား ၁၃ ဦးသေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။

 

မနေ့က (နိုဝင်ဘာလ ၃၀ ရက်) မနက် အစောပိုင်းက မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို တိတ်တဆိတ် ဝင် ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ ပြည်သူပိုင် နေအိမ်တွေကို ဝင်ရောက် စီးနင်း ကာ ကျေးရွာထဲကနေ ထွက်မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါ တယ်။

 

ဒါ့အပြင် နေအိမ် ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ်တွေထဲက ပြည်သူပိုင် နေအိမ်တွေ အတွင်းမှာရှိတဲ့ ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲကနေ ထွက်လာတဲ့အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြင်းခြံ-နဘူးအိုင် လမ်းပိုင်း ကုက္ကဲ ရဲစခန်း အနီးအရောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းကာ ကြိုတင်ပြင်ဆင်ထား တဲ့ ပဒေသာမိုင်းတွဲနဲ့ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့တယ် လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

 

“မနေ့က မနက်ခင်း စစ်ကြောင်းက အင်အား ၆၀ ကျော်လောက်နဲ့ ရွာထဲကို တိတ်တဆိတ်ကို ခိုးဝင် လာတာ သူတို့ဝင်လာတဲ့ အချိန် ရွာထဲက နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တယ်။ သူတို့ဝင်လာတာသိတော့ ပြေးတဲ့သူက ပြေးကျတာပေါ့။ အဲမှာ မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးပေါ့။ အဲမျိုးသမီးက လေဖြတ်ထားဖူးတော့ သိပ်မသန်ဘူး။ သူ့ကို ပစ်သတ်သွားတာ ဖမ်းဆီးခံရတဲ့ သူတော့မရှိပါဘူး။ ရွာကို မီးရှို့သွားတယ်။ ဘာအကြောင်းမှလည်းမရှိဘဲနဲ့ ရွာကို ဝင် ရောက် ဖျက်ဆီးတာ ၂၅ အိမ်လောက်ပါသွားတယ်။ သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်ထွက်တာ၊ သူတို့ ရောက်တဲ့နေရာသိနေတော့ ကြိုပြီးစောင့်နေပြီး မိုင်းကွင်းထဲ ရောက်တဲ့အချိန် မိုင်းဆွဲခဲ့တာ နေရာ မှာပင် ၁၃ ဦး သေတယ်။ ဒဏ်ရာရတဲ့ သူတွေတော် တော်များတယ်။ အထိနာတော့ စက်လက်တွေပါ သုံးပြီး တိုက်ပွဲဖြစ်နေသလိုကို ပစ်ခတ်သွားတာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး”လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကုက္ကဲရဲစခန်း အနီးရှိ ဒရောကြီး ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်တွေကို ထပ်မံ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *