PNLA News

0 0
Read Time:5 Minute, 12 Second

မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသတောင်ဘက်ရှိ PNLA တပ်စခန်းကို အကြမ်းဖက်စစ်တပ်နှင့်လက် အောက်ခံ PNO များက ဝင်ရောက်တိုက်ခိုက်၊ မောက်မယ်မြို့နယ်၊ ထီဖက်နမ်ကျေးရွာတွင် ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသတောင်ဘက်ရှိ PNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်း ထန်ခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေ က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ကာ မောက် မယ်မြို့နယ် ဟိုနမ့်ဒေသရှိ PNLA တပ်စခန်းကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ကျူးကျော်တိုက် ခိုက်ခဲ့တဲ့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းကျေးရွာတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံPNO ပြည်သူ့ စစ်တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ဖျက်ဆီးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေနဲ့ ပအိုဝ်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို အလေးထားခဲ့ပြီး တိုက်ပွဲဖော်ဆောင်မှုမပြုခဲ့ပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပအိုဝ်းရဟန်းတော်တွေ သံဃာတော်တွေရဲ့ မေတ္တာရပ်ခံ ချက်ကို ပစ်ပယ်ကာ ပအိုဝ်းနယ်မြေထဲကျူးကျော်တိုက်ခိုက်ခဲ့တာလို့ PNLA သတင်းနဲ့ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေ ပအိုဝ်းနယ်မြေဖြစ်တဲ့ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသ၊ ထီဖက်နမ် ကျေးရွာက ပြည် သူ့နေအိမ် ၃ လုံးကို ရှို့ဖျက်ဆီးခဲ့သလို ကျေးရွာနေ ပြည်သူ ၄ ဦးကို လည်း ဟိုနမ့် ဒေသ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရုံးမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

 

“ဒီနေ့လည်း ဒရုန်းနဲ့လာကျဲတာတို့၊ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာတို့တော့ ဆက်ဖြစ်နေဆဲဖြစ် ပါတယ်။ ဟိုနမ့်ဒေသ၊ ထိဖက်နမ်ရွာက ပြည်သူလူထုရဲ့နေအိမ် ၃ အိမ်ကို စစ်ကောင်စီလက်အောက် ခံပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးတယ်၊ မနေ့ညက ၂ အိမ်၊ ဒီမနက် ၁ အိမ် စုစုပေါင်း ၃ အိမ်ဖြစ်ပါ တယ်။ပြီးတော့ အမျိုးသား ၄ ဦးကိုလည်း ဟိုနမ့်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ စစ်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်”လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန် ရှိသူ ခွန်းယိမ်းယံက ပြောပါတယ်။

 

ပအိုဝ်းရဟန်းတော် သံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို စစ်ကောင်စီနဲ့ စစ်ကောင်စီ လက် အောက်ခံ PNO ပြည်သူ့စစ်တွေက လျစ်လျူရှုပစ်ပယ်ကာ ဟိုနမ့်ဒေသ အတွင်း တိုက်ပွဲဖော်ဆောင် တာ၊ ပအိုဝ်းပြည်သူတွေကို ဖမ်းဆီးတာ ၊ပအိုဝ်းပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်နေတဲ့အပေါ် ပအိုဝ်းလူမျိုးစစ်စစ် ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ သေချာစဉ်းစားကြဖို့လိုတယ် လို့ PNLA သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်ယိမ်းယံက ပြောပါတယ်။

 

“ပအိုဝ်းလူမျိုးတွေဆိုတာက သံဃာတော်တွေရဲ့ ဆုံးမစကား၊ မေတ္တာရပ်ခံစကားကို အလေးထားကြ ပါတယ်။ ဒါပေမယ့် ဒီ PNO ပြည်သူ့စစ်ရဲ့လုပ်ရပ်ကတော့ ပအိုဝ်းဒေသကို ကိုယ်တိုင်မီးနဲ့ရှို့နေတဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ PNO ထဲမှာရှိတဲ့ ပအိုဝ်းစစ်စစ်ဖြစ်တဲ့ ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားကြပါ၊ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်သုံးသပ်ကြပါ၊ စစ်အာဏာရှင်နဲ့ပေါင်းပြီးတော့ ကိုယ့်ဒေသကို ပြန်လည် ဖျက်ဆီးမီးရှို့နေတာ၊ ကိုယ့်လူထုကို ကိုယ်ပြန်လည်ဖမ်းဆီးနေတာ ဖြစ်သင့်ရဲ့လားဆိုတာကို ပအိုဝ်း စစ်စစ်ဖြစ်တဲ့ ဒေသခံခေါင်းဆောင်တွေ၊ ပအိုဝ်းစစ်စစ်ဖြစ်တဲ့ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းဆောင် တွေအနေနဲ့ သေချာစဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောဆိုထားတာပါ။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *