Magway News

0 0
Read Time:2 Minute, 16 Second

အမ်းမြို့ တစ်မိုင်ကုန်းစခန်းမှ ထွက်ပြေးလာသော ဗမ ဇော်ထက်နောင် ဦးဆောင်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ တစ်မိုင်ကုန်းစခန်းမှ ထွက်ပြေးလာသော ဗမ ဇော်ထက်နောင်ဦးဆောင် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် – ASF ထံက သိရသည်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့က အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင် ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗမ ဇော်ထက်နောင် ဦးစီးသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတစ်နေရာ၌ စောင့်ကြို၍ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်ဖမ်းမိကာလက် နက်ငယ် ၂ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်ကြောင်းမှာ ဖွဲ့စည်းပုံပျက်စီးသွားပြီး တကွဲ တပြား စီထွက်ပြေးလျက်ရှိသဖြင့် လိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ စစ်သုံ့ပန်းများကိုလည်း လိုအပ်သော ဆေးဝါးကုသမှုပေးကာ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF) နှင့် မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား လက်ရုံးတပ်တော်သည် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့”  ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *