အာရှမှာ ICC ရဲ့ ပထမဆုံး ဖမ်းဝရမ်းထုတ်ခံရသူ မင်းအောင်လှိုင်ဖြစ်လာ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက်လည်း တရားမျှတမှုဖော်ဆောင်နိုင်ရန်ကြိုးပမ်းသွားမှာဖြစ် တယ်လို့ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းပြော
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၈
အာရှတိုက်မှာ ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံရသူ မင်းအောင်လှိုင်ဖြစ်လာပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းကျူး လွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက်လည်း တရားမျှတမှုဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားမှာဖြစ်တယ် လို့ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အာရှရဲ့စစ်ခေါင်းဆောင်တွေထဲမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ကတော့ ပထမဦးဆုံး ICC က ဖမ်းဝရမ်းထုတ်ခံရမယ့် လူဖြစ်လာပါပြီ။ အခုလိုမျိုး ဝရမ်းထုတ်ဖို့ ဦးတိုက် လျှောက်ထားခြင်းက အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို စိတ်ပိုင်းဆိုင်ရာကြီး မားတဲ့ ထိုးနှက်ချက် ဖြစ်ရုံမက ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်မယ့် လမ်း ကြောင်းပဲဖြစ်ပါတယ်။ အခုဝရမ်းက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဖမ်း ဝရမ်းထုတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာလုခဲ့တဲ့ နောက်ပိုင်း အရပ်သားပြည် သူများ အားလုံးအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက်လည်း တရားမျှတမှုဖော်ဆောင်နိုင်အောင် ဆက်လက် ကြိုးပမ်း သွား ကြရမှာဖြစ်ပါတယ်။” လို့ NUG လူ့အခွင့်အရေးကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာလူမျိုးတွေ အပေါ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အမှုလိုက်ရှေ့နေ Mr. Karim Khan က အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားရုံးတင်စစ်ဆေးနိုင်ရေး ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး – ICC ကို ဦးတိုက် လျှောက်ထားလိုက်ပါတယ်။
ဒီလိုအမှုဟာ လျှောက်ထားဆဲ ဖြစ်တဲ့အတွက်ကြောင့် တရားရုံးတော်က ဘယ်လိုမျိုးဆက်ပြီးဆုံး ဖြတ် မယ်ဆိုတာကိုမသိသေးပါဘူး။
ဒါပေမယ့်ဒီလိုတင်သွင်းလိုက် တဲ့အချက်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ရိုဟင်ဂျာ များအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အသေးစိတ် လေ့လာစုံစမ်းပြီး တောင်းဆိုတာ ဖြစ်တဲ့ အတွက် ဒီအမှုတွေမှာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိကျခိုင်မာတဲ့ အချက်တွေကို တွေ့ရှိခဲ့ပြီလို့ ယူဆလို့ရပါတယ်။
“ဒီအချက် က အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး ဖမ်းဝရမ်း ထုတ်ဖို့လျှောက်ထားခြင်းက ရှေ့ဆက် တရားစီရင်မှုတွေ ပေါ်ပေါက်ဖို့အတွက်ကောင်းမွန်တဲ့ခြေလှမ်း ဖြစ်ပါတယ် ။ဒီကတဆင့်တရားစီရင်ဖို့ အတွက် ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။ တရားစီရင်မှုတွေကနေ ကျူးလွန်သူကို ထိရောက်တဲ့စီရင်ချက်တွေ ချမှတ် စေမှာ ဖြစ်ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွကကြောင့်မို့ ပထမဆုံး အဆင့်မှာပဲ တကယ် ကို ပြည်သူတွေအတွက် အားရစရာ အားတက်စရာ ဝမ်းသာ စရာဖြစ်ပါတယ်။ ဒီလို တောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့ ကြိုဆိုပါတယ်။” လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦအောင်မျိုးမင်းက ပြောပါ တယ်။
ရိုဟင်ဂျာလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရရုံသာမကပဲ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက်ပါ တရားမျှတမှုဖော်ဆောင်ရန် လမ်းကြောင်းပေါ်လာခြင်းဖြစ်ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာလည်းဖြစ်သလို ဖြစ်ဖို့လည်း လိုအပ်ခဲ့တာကြာခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားပါတယ်။
“အခုလိုမျိုးဖမ်းဝရမ်းလျှောက်ထားရာကနေ စီရင်ချက်ချတဲ့ အဆင့်ထိ ဘယ်လောက်ထိ ကြာမယ် ဆို တာ မသိနိုင်သေးပေမယ့် အနှေးနဲ့ အမြန်ဆို သလို တရားမျှတ မှု ဖော်ဆောင်ရေးလမ်းကြောင်း ပေါ် တော့ ရောက်ရှိခဲ့ပါပြီ။” လို့ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးနဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အတွက် ICC တရားရုံးအပါအဝင် နိုင်ငံတ ကာနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ အတိအလင်း ဖော်ပြထားသားဖြစ်ပါတယ်။
ဒါတင်မကဘဲနဲ့ Rome Statue (ရောမဥပဒေဿ) ကိုလည်း လက်မှတ် ရေးထိုးမယ်ဆိုတာကိုလည်း အတိအလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။
အခုလိုမျိုး ဖမ်းဝရမ်းထုတ်ဖို့အတွက် လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးများက လက်ခံရင်တော့ ဖမ်းဝရမ်းကို စတင် ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။
ဒီဟာကို ကျင့်သုံးလာပြီဆိုရင်တော့ ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အဖွဲ့ဝင် (၁၂၅) နိုင်ငံ အနေနဲ့ ဒီလိုဖမ်းဝရမ်း ထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ကောင်ကို ဖမ်းဆီးပြီးတော့ တရား ရုံးကို လွှဲပြောင်းဖို့ အတွက် တာဝန်ရှိလာပါပြီ။
အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ကွန်ဂိုနိုင်ငံ က Jean-Pierre Bemba ကို ဘယ်လ်ဂျီယံ အစိုးရ က ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးပြီး ICC တရားရုံးကို လွှဲပြောင်းပေးခဲ့ တာရှိသလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ နောက်ထပ် ပုဂ္ဂိုလ်တဦးဖြစ်တဲ့ လိုက်ဘေးရီးယား သမ္မတ Charles Taylor ကို နိုင်ဂျီးယီးယားအစိုးရက ၂၀၀၆ ခုနှစ်မှာ ဖမ်းဆီးပြီး ICC ကို လွှဲပြောင်း ပေးခဲ့တာမျိုး ရှိခဲ့ပါတယ်။
Than Lwin Myanmar Media